Tuesday, March 31, 2015

ဖားကန့်မှာ မြေစာပုံ ပြိုကျလို့ လူ ၉ ဦး သေဆုံး

ဖားကန့်မှာ ကျောက်စိမ်းတူးတဲ့ မြေစာပုံ ပြိုကျတဲ့အတွက် လူ ၉ ဦး သေဆုံးပြီး၊ ဒဏ်ရာ ရသူ ၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
တနင်္လာနေ့ မနက်က ၄ နာရီလောက်က ကံခွာ ကျေးရွာအနီးက မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာနေသူ ၉ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရလို့ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ကချင်ပြည်နယ် အစိုးရက တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

အစိုးရကဆောင်ရွက်မည့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်စေရေး လွှတ်တော်နှင့်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်း

အစိုးရကဆောင်ရွက်မည့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူခြင်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း များနှင့်အညီဖြစ်စေရေး လွှတ်တော်နှင့် အစိုးရအဖွဲ့အားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်သို့ သာကေတမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည်။

ကချင် နယ်စပ်ဂိတ်ပေါက်တွေ လုံခြုံရေးတင်းကြပ်

မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက်သမားတွေ ၀င်ရောက်လာမယ်ဆိုတဲ့ သတင်းရရှိထားတာကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လုံခြုံရေးသတိရှိကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ 

မဲစာရင်း ကြေညာချက် လူ့အခွင့်ရေးအဖွဲ့ ကြိုဆို

ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရှိသူ စာရင်းတွေကို အသစ်ပြင်ဆင်နေရာမှာ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၀ ခုက ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်း သစ်မှာ မိမိတို့ရဲ့ အမည်နဲ့ တခြားအချက် အလက်တွေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မှတ်ပုံ တင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အပေါ် HRW လူ့အခွင့်အရေးအဖွဲ့က ကြိုဆို လိုက်ပါတယ်။