Wednesday, April 1, 2015

ထိုင်းဘုရင့်သမီးတော် အနှစ် ၆၀ ပြည့်မွေးနေ့ ၁၀၀ တန် ငွေစက္ကူ ထုတ်ဝေမည်

ဧပြီလ ၂ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံရဲ့ အသက် ၆၀ ပြည့် အထိမ်းအမှတ် အနေနဲ့ ထိုင်းအမျိုးသား ဗဟိုဘဏ်ကနေ ဘတ် ၁၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေ မှာ ဖြစ်ပါတယ်။


အရှင့်သမီးတော်ရဲ့ ထိုင်းပြည်သူတို့ပေါ်ထားရှိတဲ့ မေတ္တာတရား၊ ဆောင်ရွက်ချက်တွေ အပေါ် ကျေးဇူးတင် ရှိကြောင်း ပြသတဲ့အနေနဲ့  သမီးတော်ရုပ်ပုံပါ ၁၀၀ တန်ငွေစက္ကူ ကို မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေ တာလို့ ထိုင်းအမျိုးသားဗဟိုဘဏ်ဥက္ကဋ္ဌ နိုင်းပရဆန် တလိုင်းရတ်ဝန်းကွန်းက ဗဟိုဘဏ်စာအမှတ် ၁၆/၂၅၅၈ နဲ့ ထုတ်ပြန်ကြေညာပါတယ်။

ငွေစက္ကူ အရွယ်အစား နဲ့ အရောင်တွေဟာ လက်ရှိသုံးစွဲနေကြတဲ့ အရောင်အတိုင်းသာဖြစ်ပြီး တဘက်က သမီးတော်ပုံ၊ တဘက်က ဘုရင်မင်းမြတ်ပုံ ပါရှိကာ၊ ငွေစက္ကူ အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ဖို့  ရေစာ၊ ရွှေကြိုးတွေကို အဆင်မြင့်ပညာနဲ့ မြှုပ်နှံထည့်သွင်းထားကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ငွေစက္ကူကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘတ် ၁၀ သန်းဖိုးသာ ထုတ်ဝေမှာဖြစ်ပြီး မည်သူမဆို  ဧပြီလ ၂ ရက်နေ့ကစ နီးစပ်ရာဘဏ်တိုက်တွေမှာ မိမိလက်ရှိ ၁၀၀ တန် ငွေစက္ကူနဲ့ သွားရောက်လဲလှယ် ယူနိုင်တယ် လို့ ကြေညာထားပါတယ်။

FROM:::::::::::DVB
http://burmese.dvb.no/archives/88041

No comments:

Post a Comment