" ဂျပန်နိုင်ငံသားတစ်ဦး တည်းခိုရာ ဟိုတယ် ၁၀ လွှာမှ ပြုတ်ကျသေဆုံး "
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~
ဒဂုံမြို့နယ်၊ န၀ဒေးလမ်းရှိ Alfa Hotel ၁၀လွှာမှ ဂျပန်နိုင်ငံသားတစ်ဦး ပြုတ်ကျ၍ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံသားသည် ၄င်းတည်းခိုရာ ဟိုတယ်၏ ၁၀ လွှာမှ ယနေ့(မတ် ၆ရက်) နံနက် ၆
နာရီ ၄၅ မိနစ်ခန့်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့
ပို့ဆောင်ရာလမ်းတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။
"ဂျပန်နိုင်ငံသားဟုတ်ပါတယ်။ ၁၀လွှာကပြုတ်ကျပြီး ဓါတ်ကြိုးနဲ့ ငြိတယ်။
ပြီးတော့ ကားအမိုးပေါ်ကျတယ်။ အဲဒီ ကတဆင့် အောက်ကိုပြုတ်ကျလာတယ်။
လမ်းမှာပဲဆုံးသွားတယ်" ဟု ဒုရဲမှူးကြီးကဆက်ပြောသည်။
ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးဘဲ မှတ်တမ်းယူနေဆဲဖြစ်ကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲ အရာရှိ တစ်ဦးက ဖြေကြားသည်။
7Day News Journal