အစိုးရသစ်အနေဖြင့်ရက်၁၀၀အတွင်း ဆောင်ရွက်မည့်လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်စီးပွားရေးကော်တီ အဖွဲ့ဝင်များ ဆွေးနွေး
*********************************************************************************************

နေပြည်တော်၊ မတ် ၅
အစိုးရသစ်အနေဖြင့် ရက် ၁၀၀ အတွင်း ဆောင် ရွက်မည့် လုပ်ငန်းဆောင်တာများနှင့် ပတ်သက် ၍ဆွေးနွေးမှု ကိုဒေါ်အောင် ဆန်းစုကြည်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ အဖွဲ့ဝင် များမတ် ၅ရက်က ပြုလုပ် ခဲ့ကြောင်း သိရသည်။
နေပြည်တော်
ဥတ္တရသီရိမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း ဒေ သကြီး/ပြည်နယ်ဝန်ကြီးချုပ်
လောင်းများနှင့် မတ် ၅ရက် မွန်းလွဲ ၁နာရီခန့်က တွေ့ဆုံ သည်ဆို သည့်
သတင်းများထွက်ပေါ်မှုနှင့်ပတ်သက်ပြီး နေပြည်တော်အခြေစိုက်သတင်း မီဒီယာများက
အမျိုးသားဒီမို ကရေ စီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန် စု ကြည်၏အိမ်ရှေ့၌
သွားရောက်စောင့် ဆိုင်းခဲ့ကြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီးအ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီးပွား ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်း က ''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်လောင်း များ နဲ့တွေ့ဆုံတယ်ဆို တာလုံးဝမဟုတ်ပါဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ စီးပွားရေး ကော်မတီ အဖွဲ့ကကော်မတီအဖွဲ့ဝင် တွေဆွေးနွေးကြတာပါ။ ကျွန်တော် တို့က တိုင်းပြည်အတွက်ပဲဆွေးနွေး နေကြ တာ ပါ။ကျွန်တော်တို့က အဓိကက လောလောဆယ် နောက် အစိုးရသစ်တက်လာတဲ့အခါကျ ရင် ပြည်သူ လူထုနဲ့ တိုင်းပြည်ကိုဘယ် လောက်အထိ မြန်မြန်ဆန်ဆန် အကျိုးပြုနိုင်သလဲဆိုတာကို ပိုပြီးတော့ ဆွေးနွေး တာ ပါ။အခက်အခဲဖြစ်နိုင်တဲ့ အကျပ်အတည်းဖြစ်နိုင်တဲ့ကိစ္စတွေကတော့ တဖြည်းဖြည်းချင်း မျှမျှတတ နဲ့ ပြည်သူတွေအတွက်လည်း အကျိုးရှိ၊ တိုင်းပြည်အတွက်လည်း အကျိုး ရှိတာတွေကို ရေရှည်စဉ်းစား သွားရ မှာပါ။ လောလောဆယ် ရက် ၁၀၀ အတွင်းမှာ ဘာတွေလုပ်မလဲဆိုတာ ကို အဓိကထားဆွေးနွေးကြ တာပါ''ဟု ဆွေးနွေးပွဲအပြီး သတင်းမီဒီယာ များက တွေ့ဆုံမေးမြန်းရာ၌ ပြန် လည်ဖြေကြားခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုသည်နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီခွဲ ခန့်ထိ အချိန်သုံးနာရီခွဲခန့်ကြာမြင့် ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေး ကော်မတီအဖွဲ့ မှာ ကော်မတီ ရှစ်ဦး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံအကျိုးစီးပွား အတွက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။ညနေ ၅ နာရီ ခွဲခန့်တွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မ တီမှဦးဝင်းထိန်ကဒေါ်အောင်ဆန်း စုကြည်နေအိမ်မှ ပြန်လည်ထွက်ခွာ သွားခဲ့ပြီး နေပြည်တော်စည်ပင်ဧည့် ရိပ်သာသို့ပြန်သွားခဲ့သည်။
နေပြည်တော် ဧည့်ရိပ်သာတည်းခိုဆောင်တွင် သတင်းမီဒီယာများက အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး သွားရောက်တွေ့ဆုံမေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း ဒေသကြီး /ပြည်နယ်ဝန်ကြီးချုပ်လောင်းများနဲ့ တွေ့ဆုံသည်ဆိုသည့် သတင်းနှင့် ထွက်ပေါ်မှု ဆိုတာလည်း မသိကြောင်း၊ ယခုဒေါ်အောင်ဆန်း စုကြည်အိမ်သို့လာရောက်ခြင်းသည် စီးပွားရေးကော် မတီတွေက မတွေ့ဖူး တဲ့ကော်မတီဝင်တွေနှင့်လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သတင်းမီဒီ ယာများ ၏မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ဦးဝင်းထိန်က ''ဒီအစည်းအ ဝေးတွေနဲ့ပတ်သက်လို့ ပြောလို့မရပါဘူး။ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်ကိစ္စတွေလည်းမသိပါဘူး။ စီးပွားရေးကော်မတီတွေက မတွေ့ ဖူးတဲ့ကော်မတီ ဝင်တွေနဲ့သွားတွေ့ တာပါ''ဟု ပြောသည်။
MO
#Democracytoday

No comments:
Post a Comment