Thursday, April 2, 2015
နာမည်ကျော် ကေပေါ့ပ်အဖွဲ့ 4 Minute ရန်ကုန်မြို့သို့ရောက်ရှိ
ဧပြီ ၄ ရက်ညတွင် Myanmar Event Park ၌ ဖျော်ဖြေပွဲပြုလုပ်မည့် နာမည်ကျော် ကေပေါ့ပ်အဖွဲ့ 4 Minute သည် မြန်မာနိုင်ငံသို့ ဧပြီ ၂ ရက် ည ၁၁ နာရီ ခန့်တွင် ရောက်ရှိလာသည်။ 4 Minute အဖွဲ့ကို မြန်မာနိုင်ငံမှ ၎င်းတို့၏ အမာခံ ပရိသတ်နှစ်ရာခန့် လေဆိပ်တွင်လာရောက်ကြိုဆိုခဲ့ကြသည်။
ယင်းဖျော်ဖြေသည် မြန်မာနိုင်ငံတွင်ပြုလုပ်သည့် နိုင်ငံတကာဖျော်ဖြေပွဲများတွင် ဒုတိယဝင်ကြေး အများဆုံးဖြစ်ပြီး လက်မှတ်ခ အနည်းဆုံး ငွေကျပ်နှစ်သောင်းခွဲမှ အမြင့်ဆုံး ငွေကျပ်ခြောက်သိန်းအထိ အမျိုးအစား ငါးမျိုး သတ်မှတ်ထားသည်။ 4 Minute အဖွဲ့ကို အမျိုးသမီးအဖွဲ့ဝင် ငါးဦးဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များမှာ Hyun−A ၊ Jihyun ၊ Ga−yoon ၊ Jiyoon ၊ So−hyun တို့ ဖြစ်သည်။
−−−−
သတင်းဓာတ်ပုံများ− နစ်ကီ၊ ဇွဲဉာဏ်
FROM::::::: 7daydaily
Labels:
အနုပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment