အောင်တံခွန် သင်္ဘော နစ်မြုပ်မှုတွင် ခရီးသည်ပေါင်း ၁၆၉ ဦးကို
ကယ်တင်ပေးခဲ့ သည့် ရေလုပ်သားငါးဦးအား ပို့ဆောင်ရေး ၀န်ကြီးဌာနက
မြန်မာတစ်နိုင်ငံ လုံး ရာသက်ပန်ရေယာဉ်အခမဲ့
စီးနင်းခွင့်ပေးလိုက်ကြောင်းသတင်းရရှိသည်။
ခရီးသည်များကို အဓိက ကယ်ဆယ်ခဲ့သူ ရေလုပ်သား ငါး ဦးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ တွင် ကူညီခဲ့သူ ကိုးဦးအား အစိုးရ အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်း များက ကျောက်ဖြူမြို့၌ ဧပြီ ၄ ရက်တွင် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ သည်။ အဆိုပါ ဂုဏ်ပြုပွဲတွင် ပို့ ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဟန်စိန်က ရေလုပ်သား ငါးဦးအား မြန်မာတစ်နိုင်ငံလုံး ရာသက်ပန် ရေယာဉ် အခမဲ့စီးခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ထွဋ်က ပြောကြားသည်။
ရေလုပ်သား ငါးဦးအား အစိုးရအဖွဲ့က ဂုဏ်ပြုငွေကျပ်ဆယ် သိန်းစီနှင့် ကျန်ကိုးဦးအား ကျပ်ငါးသိန်းစီပေးခဲ့ပြီး ကျောက်ဖြူမြို့ နယ် ဓူဝံကြယ်အသင်းကလည်း ပြည်ပနှင့် ဒေသတွင်း အလှူရှင်များ၏ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
‘‘သတင်းကြားကြားချင်း သူ တို့အသက်ကို အဓိကမထားဘဲ ကယ်ကြတယ်လို့ သိရလို့ လေး စားလို့ လှူတာပါ’’ ဟု ရန်ကုန်မြို့ မှနေ၍ ကျပ်ငါးသိန်းလှူခဲ့သည့် အလှူရှင်တစ်ဦးက ပြောသည်။
ခရီးသည်များကို အဓိက ကယ်တင်ခဲ့သူ ရေလုပ်သားငါးဦး မှာ မြေပုံမြို့နယ် အုန်းချောင်းရွာ ဇာတိဖြစ်ပြီး ပင်လယ်ပြင်တွင် စက်လှေနှစ်စီးဖြင့် ငါးဖမ်းနေစဉ် သင်္ဘောမှောက်သည့် ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရကာ ခရီးသည် ၁၆၉ ဦးကိုကယ်တင်နိုင်ခဲ့သည်။ ၎င်းတို့အား နိုင်ငံတော်သမ္မတ၏ စွမ်း ဆောင်ရည်ဆု အတွက်လည်း အစိုးရအဖွဲ့က အဆိုတင်သွင်း ထားသည်။
http://7daydaily.com/story/35155#.VSEX9lLqUR9

No comments:
Post a Comment