Tuesday, April 7, 2015

မန္တလေးမြို့တော်ဝန်အသုံးစရိတ် သင်္ကြန်မဏ္ဍပ် ကျပ်သိန်း ၄,၀၀၀ ကျော် ကုန်ကျ

ယခုနှစ်သင်္ကြန်အတွက် မန္တလေး မြို့တော်ဝန်ဝန်မဏ္ဍပ်၏ အသုံးစရိတ် မှာ ကျပ်သိန်းပေါင်း
လေးထောင်ကျော်ရှိသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက
ယခုလ ၆ ရက်နေ့ကမြန်မာ တိုင်း(မ်)ကိုပြောသည်။

"မြို့တော်ဝန်မဏ္ဍပ်ကတော့နှစ်တိုင်းဆောက်ပါတယ်။ ဒီနှစ်ကုန်ကျမယ့် စရိတ်ကတော့
ကျပ်သိန်းပေါင်း လေးထောင်ထိရှိမယ်။ ဒီလောက် ကုန်ကျတာက တီးဝိုင်းတွေ၊ အဆိုတော်တွေ
ငှားတဲ့စရိတ်တွေ ရယ်၊ သူတို့ တည်းဖို့ရယ် စားသောက် စရိတ်တွေရယ်၊ မဏ္ဍပ်ဆောက်လုပ်
စရိတ်တွေရယ်ကြောင့်ပါ။ ဒီလို ကုန်နေတာကလဲည်း နှစ်တိုင်းပါ"ဟု အဆိုပါကော်မတီဝင်
ကပြောသည်။
မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင် ယခုနှစ်အတွက် အဆိုတော် ၁၄ ဦး ငှားရမ်းထားပြီး၊ အဆိုပါ
၁၄ ဦးထဲ တွင် ဇော်ပိုင်၊ ဖြိုးကြီး၊ ဂရေဟမ်၊ စိုးပိုင်၊ ဆုန်သင်းပါရ်စသည့် နာမည်ကြီး အဆိုတော်
များပါရှိသည်။ လက်ရှိအချိန်တွင် မန္တလေး မြို့တော်ဝန်မဏ္ဍပ်တည်ဆောက်မှု လုပ်ငန်းမှာ
၉၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်သည်။
"နိုင်ငံသားတစ်ဦးမှာ အကြွေးငါးသိန်းလောက် တင်နေချိန်မှာဒီလောက်ထိ သူတို့မို့လို့သုံးရက်
တယ်ဗျာ။ ဒီငွေတွေကိုဆေးရုံတွေကျောင်းတွေ ကောင်းကောင်း ဆောက်ရင် မကောင်းဘူးလား။
ဒီလောက်ထိ သုံးစရာလိုလား"ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ
ဦးသိန်းသန်းဦးက ပြောသည်။
http://myanmar.mmtimes.com/index.php/national-news/mandalay-upper-myanmar/14053-2015-04-07-07-14-54.html

No comments:

Post a Comment