Sunday, April 5, 2015

မန်းရာဇာနှင့် ရွှေစကြ်ာခရီးသည်တင်ယာဉ်နှစ်စီးတို့ တိုက်မိဖြစ်ပွား

Breaking News ==== ယနေ့ (ဧပြီ ၅ရက်) ည ၁၁နာရီကျော်က နေပြည်တော်အမြန်လမ်း မိုင်တိုင် ၁၂၀ အနီးတွင် မန်းရာဇာနှင့် ရွှေစကြ်ာခရီးသည်တင်ယာဉ်နှစ်စီးတို့ တိုက်မိဖြစ်ပွားရာမှ ရွှေစကြ်ာယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး၊ မန်းရာဇာယာဉ်လမ်းဘေးထိုးကျခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်နှစ်စီးစလုံးမှ ခရီးသည်များ ဒဏ်ရာရရှိကာ ဖြူးဆေးရုံသို့ တင်ပို့ထားရကြောင်း နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့နှင့်ဖြူးမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်ကို အသေးစိတ်ကို စစ်ဆေးနေဆဲဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရရှိမှုအနေအထားနှင့် အရေအတွက်ကို လတ်တလော မပြောနိုင်သေးကြောင်း နေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့လူတော့ မရှိဘူး။ ဒဏ်ရာရတဲ့သူတော့ရှိတယ်။ လတ်တလော ဆေးရုံတင်ထားရတယ်။ အရေအတွက် အကြမ်းဖျင်းတောင် မရသေးဘူး’’ဟု ၎င်းကပြော သည်။
အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် သင်္ကြန်ကာလ နေရပ်ပြန်ခရီးသည်အများစု ပါဝင်ကြောင်းလည်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ရန်ကုန် - နွားထိုးကြီး ပြေးဆွဲသည့် ရွှေစကြ်ာခရီးသည်တင်ကားကို မန်းရာဇာ ကားက ကျောက်တက်စဉ် တိုက်မိခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ခရီးသည် စုစုပေါင်း ၂၀ ဦးခန့် ဒဏ်ရာရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ဧပြီ ၆ ရက် နံနက် ၃ နာရီခန့်က ပြောသည်။ မျက်မြင်တွေ့သူများက ရွှေစကြ်ာကားဟု ပြောကြသော်လည်း အမြန်လမ်းရဲတပ်ဖွဲ့ကမူ ရွှေစင်စကြ်ာကားဖြစ်ကြောင်း ပြောသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ မရှိကြောင်း သတင်းရရှိသည်။ ကားနှစ်စီးစလုံး ရန်ကုန်- နေပြည်တော် လမ်းပိုင်း အတိုင်း မောင်းနှင်ခြင်းဖြစ်ပြီး ဒဏ်ရာရသူ အားလုံး ဆိုးဆိုးဝါးဝါး ထိခိုက်မှုမရှိကြောင်း အနီးကပ် ကူညီနေသည့် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှ ပိုင်အိုးနီးယားစားသောက်ဆိုင်ပိုင်ရှင် ဦးဇော်မိုးက ပြောသည်။
ဓာတ်ပုံများ − Ye Lwin Win , ကိုအောင် ဟိန်း , Simon Caroline
https://www.facebook.com/7daynews/photos/pcb.900851033309865/900846746643627/?type=1&theater

No comments:

Post a Comment