ကိုရီးယားဟာရက် (ဆိုးလ်)။ ။ အမျိုးသား တစ်ဦးကို မူးယစ်ဆေးဖြင့်
သတိမေ့အောင်လုပ်ပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် အသက် ၄၀
ဝန်းကျင်အရွယ် တောင်ကိုရီးယား အမျိုးသမီး တစ်ဦးကို
ဖမ်းဆီးတရားစွဲဆိုလိုက်ရာ နိုင်ငံသမိုင်းတွင် ယင်းပြစ်မှုဖြင့် ပထမဆုံး
ဖမ်းဆီးခံရသည့် အမျိုးသမီး ဖြစ်သွားသည်။
တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးများက ဗလက္ကာယပြုကျင့်မှုဆိုင်ရာ
ဥပဒေသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်အသက်ဝင်ခဲ့သောကြောင့် အဓမ္မပြုကျင့်ခံသူ
အမျိုးသားများအနေဖြင့် ရဲစခန်းတွင် ယခုကဲ့သို့ တိုင်ချက်ဖွင့်နိုင်ခဲ့ခြင်း
ဖြစ်သည်။ဂျီယောင်းအမည်ရှိသည့် အဆိုပါ အမျိုးသမီးသည် အိမ်ထောင်သည်၎င်း၏ ယောက်ျားလေး အဖော်အား မူးယစ်ဆေးဖြင့် သတိလစ်အောင်လုပ်ကာ သူမနေထိုင်သည် နေရာသို့ ယမန်နှစ်အတွင်းက ခေါ်ဆောင်သွားခဲ့သည်။
အမျိုးသားက သတိပြန်ရလာစဉ် ထွက်ပြေးရန် ကြိုးပမ်းခဲ့ရာ အမျိုးသမီးက အသွားတုံးပစ္စည်း တစ်ခုဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/42699-2015-04-05-04-08-24
No comments:
Post a Comment