ကွာလာလမ်ပူ ဧပြီ ၎
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ၏ အရှေ့တောင်ပိုင်း ဆင်ခြေဖုံးအရပ်၌
ဧပြီ ၄ ရက်က အရပ်ဘက်သုံးရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အလွန်အရေးပါသည့်
ပုဂ္ဂိုလ်များအပါအဝင် လူခြောက်ဦး ထက်မနည်း သေဆုံးသည်ဟု ဆိုသည်။
မြို့တော် ကွာလာလမ်ပူမှ အရှေ့တောင်ပိုင်း ကီလိုမီတာ ၄ဝ
ခန့်အကွာတွင်တည်ရှိသော ဂါဂျန် ခရိုင် ဂျာလန် ဆဂလာလန်အရပ်ရှိ လေယာဉ်ပျက်ကျရာ
နေရာ၌ မီးလောင်ထားသော လူသေ အလောင်းနှစ်လောင်းကို တွေ့ရှိရ ကြောင်း
မျက်မြင်သက်သေများ၏ အဆိုအရ သိရသည်။
လေယာဉ်ပျက်ကျစဉ်က လေ ယာဉ်တာဝန်ရှိသူများက ဒုက္ခနှင့် ကြုံတွေ့နေပြီဟူသော
ဖုန်းခေါ်သံကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် စီလန်ဂေါ် မီးနှင့် ကယ်ဆယ်ရေး
ဌာနမှလက်ခံရရှိခဲ့ရာ မီးသတ်ဝန်ထမ်း ၂ဝ ခန့်အား ရှာဖွေကယ်ဆယ်ရေး
လုပ်ငန်းအတွက် အခင်းဖြစ်ရာနေရာ သို့ စေလွှတ်ခဲ့သည်ဟု သိရသည်။
အဆိုပါရဟတ်ယာဉ်ပေါ် လိုက် ပါသွားသည့် ခရီးသည်များနှင့်ပတ် သက်၍
အသေအချာလေ့လာစိစစ် ချက် မလုပ်ရသေးကြောင်း မလေးရှား ပြည်တွင်းလေကြောင်းဌာနမှ
ညွှန် ကြားရေးမှူးချုပ် အာဇာရုဒ်ဒင် အဗ္ဒုလ် ရာမန်၏ ပြောကြားချက်အရ သိရသည်။
(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
No comments:
Post a Comment