ရေး ဧပြီ ၂၂
ရေးမြို့နယ် အစင်ကျေးရွာနယ် မြေ(၃)ရှိ ဗိုလ်ချုပ်အနောက်လမ်းတွင် ဧပြီ ၂ဝ
ရက် ညနေ ၄ နာရီမိနစ် ၄ဝ က အလောင်းတစ်လောင်းမြှုပ်နှံထား ကြောင်း သတင်းအရ
ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်၊ ရေးရဲ စခန်းမှူး
ဒုရဲမှူးပြုံးချိုနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် ရေးမြို့နယ်တရား
သူကြီးဦးဇော်ဝင်းထွန်း၊ ရေးမြို့ပြည် သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်
ဒေါက်တာလင်းနိုင်ထွန်းတို့နှင့်အတူ အခင်းဖြစ်ပွားရာသို့ သက်သေ
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းစိုး တို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်
ဆေးခဲ့ရာ သေဆုံးသူမှာ မအေးသူဇာ (၃၈ နှစ်)နယ်မြေ (၃) အစင်ကျေးရွာ
ရေးမြို့နယ်နေသူဖြစ်ကြောင်း သိရှိ ရသည်။
ဖြစ်စဉ်မှာ ကုလားလေး(ခ)သား ကြီး (ခ)မင်းမင်းထွန်း (၃၃ နှစ်) သည်
ယင်း၏ဇနီးနှင့် စကားများရန်ဖြစ်ပြီး မင်းမင်းထွန်းက မအေးသူဇာအား
ရိုက်နှိက်နေသည်ကို အိမ်ရှေ့မျက် စောင်းထိုးနေ မမိဌေးက တွေ့ရှိခဲ့ပြီး
နောက် ၄င်းနေ့ညမှစ၍ လင်မယား နှစ်ဦးစလုံးပျောက်ဆုံးနေသဖြင့် ဧပြီ ၁၉ ရက် ည ၈
နာရီခွဲခန့်က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအား
အကြောင်းကြားခဲ့သည်။ ဧပြီ ၁၉ ရက် ည ၈ နာရီခွဲမှစ၍ ကျေးရွာအုပ်
ချုပ်ရေးမှူးက ဇီးဖြူသောင်ရဲကင်း စခန်းမှူး ဒုရဲအုပ်
ဝင်းနိုင်ဌေးအဖွဲ့နှင့် အတူ အခင်းဖြစ်နေရာအနီးတစ်ဝိုက်
လိုက်လံရှာဖွေနေခဲ့ရာ မတွေ့ရှိဘဲ ဧပြီ ၂ဝ ရက် ညနေ ၄ နာရီခွဲတွင်
အခင်းဖြစ်ပွားရာ သေဆုံးသူ၏ နေ အိမ်အနီးတစ်ဝိုက်တွင် အပုပ်နံ့ရ၍
ထပ်မံရှာဖွေခဲ့ရာ အလောင်းကို နေ အိမ်နောက်ဖေးရှိ မြေကမ်းယံအောက် ခြေ၌
အနက်တစ်ပေခွဲခန့် မြေကျင်း တူး၍ ကျောက်တုံးများ မြေကြီးခဲ များနှင့်
ဖုံးအုပ်မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရသည်။
ရဲမှူးမြင့်သော်ဦးစီးသော အဖွဲ့က သက်သေများရှေ့တွင် အလောင်းကို စစ်ဆေးခဲ့ရာ
မအေးသူဇာမှာ ဒဏ်ရာ များရရှိထားသည်ကိုတွေ့ရပြီး ကုလား
လေး(ခ)သားကြီး(ခ)မင်းမင်းထွန်းမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း
သိရသည်။
အမှုကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းစိုးက တရားလိုပြုတိုင်ကြား ထားရြာ
ပစ်မှုကျူးလွန်သူအား ဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
နေမျိုးထွဋ်(ရေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
No comments:
Post a Comment