နေပြည်တော်၊ ဧပြီ ၁
၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန် ရထားရဲတပ်ဖွဲ့၊
အမှတ်(၉) တပ်ခွဲ (နေပြည်တော်)သို့ နေပြည်တော်၊ ပုဗ်္ဗသီရိမြို့နယ်၊
သစ်ရာကုန်းကျေးရွာနေ ဦးသန့်ဇင် (၄၉)နှစ် ရောက်ရှိ လာပြီး ၎င်းင်းသည်
အမှတ်(၉)အဆန် ရန်ကုန်-သာစည်ရထား အထက်တန်း တွဲအမှတ် (၁)၊ ခုံအမှတ်(ဘီ-၃)ဖြင့်
စီးနင်းလိုက်ပါလာခဲ့ကြောင်း၊ နေပြည်တော်ဘူတာသို့ ရထားဆိုက်ရောက်စဉ်
ရထားပေါ်မှဆင်းပြီး ဘူတာရှေ့၌
ဆိုင်ကယ်ကယ်ရီငှားရမ်းစဉ် ၎င်းင်း၏ဘောင်းဘီ အိတ်အတွင်းထည့် ထားသည့်
ငွေကျပ်(၇၁,၅၀၀ိ/-)ပါ အနက်ရောင်ခေါက်ပိုက်ဆံအိတ်မှာ ရထားပေါ်တွင်ကျကျန်ခဲ့၍
စုံစမ်းရှာဖွေပေးရန် အကူအညီတောင်းခံခဲ့သဖြင့်
ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်သည့် အမှတ်(၆)တပ်ခွဲ
(သာစည်)မှတပ်ဖွဲ့ဝင်များသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။
အမှတ်(၉)တပ်ခွဲ(နေပြည်တော်)၏ အကြောင်းကြားချက်အရ
ရထားလုံခြုံရေးလိုက် ပါဆောင်ရွက် သည့်တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့ရာ
အနက်ရောင်ခေါက်ပိုက်ဆံအိတ်တစ်လုံးအား အထက်တန်း တွဲအမှတ်(၁)၊ ခုံအမှတ်(ဘီ-၃)
ထိုင်ခုံအောက်မှ ရှာဖွေတွေ့ရှိခဲ့သဖြင့် တပ်ကုန်းဘူတာသို့
ရထားဆိုက်ရောက်စဉ် အမှတ်(၉)တပ်ခွဲ၊ တပ်ဖွဲ့စိတ်(တပ်ကုန်း)သို့
အပ်နှံပေးခဲ့သည်။ ထို့နောက် အဆိုပါပိုက်ဆံအိတ်အား
တပ်ဖွဲ့စိတ်(တပ်ကုန်း)မှတပ်ဖွဲ့ဝင်များက အမှတ်(၉)တပ်ခွဲ(နေပြည်တော်)သို့
လာရောက်ပို့ဆောင်ပေးခဲ့သဖြင့် နေပြည်တော်ရထားရဲစခန်းမှူး ရဲအုပ်
ခင်မောင်လွင် မှ လက်ခံစစ်ဆေးပြီး ၃၁-၃-၂၀၁၅ ရက်နေ့ နံနက် ၀၁၃၀ အချိန်
တပ်ခွဲရုံး၌ ပိုက်ဆံအိတ်အား ပိုင်ရှင်ဖြစ်သူ ဦးသန့်ဇင်ထံသို့
သက်သေများရှေ့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
FROM::::::::::::::: ရဲဇာနည်
https://www.facebook.com/yezarnimedia/photos/a.464460950273376.128253.463287083724096/919652928087507/?type=1&theater
No comments:
Post a Comment