Saturday, April 4, 2015
စေ့စပ်ကြောင်းလမ်းမှုကြောင့် လူအများရဲ့ပုတ်ခတ်ရှုတ်ချမှုကိုခံခဲ့ရတဲ့
သရုပ်ဆောင် ဆုပန်ထွာနဲ့ ဥက္ကာကျော်တို့ဟာ အခုချိန်မှာတော့
မင်္ဂလာပွဲနှစ်ပွဲပင် ဆောင်ပြီး ချိန်မှာတော့ အွန်လိုင်းပေါ် မှ
ဝေဖန်ရှုတ်ချမှုတွေ ရပ်တန့်သွားပြီး နားလည်မှု ရရှိသွားပြီဖြစ်တယ်လို့ဆိုတဲ့
ဆုပန်ထွာက
''အဓိကကတော့ အမှန်တရား လေးကို ပရိသတ်က သိသွားဖို့အတွက်
အချိန်တွေ ပေးဆပ်လိုက်ရတယ်။ မပန်တို့ အမေရိကားမှာ မင်္ဂလာပွဲလုပ်ခဲ့တယ်။
အမေရိကားကလဲ ဇနီးနဲ့ မကွာရှင်းရသေးရင်
လက်ထပ်လို့မရဘူး။ ဒီလိုအမှန်တရားလေးကို လူတွေ သိသွားတဲ့အတွက် ဘယ်သူသည်
ဘယ်လိုအဆင့်အတန်းရှိလဲ၊ ဘယ်သူက ဘယ်လိုဆိုတာကို လူတွေသိသွားခဲ့တဲ့အတွက် မပန်
ကံကောင်းပါတယ်''လို့ ဝမ်းသာပီတိ စကားကို သူမရဲ့ပရိသတ်တွေသိစေဖို့
ပြောပြခဲ့ပါတယ်။
မိသားစုဘဝလေး ပိုမိုပြီးပြည့်စုံဖို့အတွက် ရင်သွေးယူမယ့်အချိန်ကို ဆုံးဖြတ်ထားပြီလား လို့ မေးမြန်းဖြစ်တော့ ''မပန်ဘဝမှာ မပန်က ယောကျာ်းယူဖို့လဲ မစဉ်းစားခဲ့ ဘူး။ မပန် စိတ်ထဲမှာလဲ
ကလေးလိုချင်လိုက်တာ ဆိုပြီး အခုအချိန်ထိတော့ မဖြစ်သေးဘူး။ ဒါ ပေမဲ့
အစ်ကိုကတော့ အစီအစဉ် ဆွဲပြီးပြီ။ သူ့ဘာသာသူ ပြောနေတာပဲ။ ဘယ် လောက်ကျရင်
ကလေးယူမယ်။ အဲဒါတွေအကုန် သူ့ဘာသာ သူ ပြောနေတာပဲ(ရယ်လျက်)။ အစ်မ ကတော့ သူ
အစ်မကိုချစ်တဲ့စိတ်အပေါ်မှာပဲ စိတ်ချမ်းသာတယ်''လို့ ဆိုခဲ့ပါတယ်။
သရုပ်ဆောင်ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ အမေရိကားမှာ မတ် ၁၄ ရက်က
မင်္ဂလာဆောင် ခဲ့ပြီး လောက်ကိုင် က စစ်သားတွေအတွက် မင်္ဂလာဦး အလှူအဖြစ်
ငါးသိန်းလှူခဲ့ပြီး မြန်မာနိုင်ငံ မှာလည်း နောက်ထပ် မင်္ဂလာဧည့်ခံပွဲတစ်ခုကို
ခမ်း နားစွာ ကျင်းပ ခဲ့ပါတယ်။
TheYangonTimes
No comments:
Post a Comment