နေပြည်တော်၊ ဧပြီ ၈
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊
အမှတ်(၁၅)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မကွေး)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့်
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည်
သတင်းအရ မကွေးမြို့၊ ရွာသစ်ရပ်ကွက်နေ ခင်မောင်ဆန်း(ခ)ပလိုကိုး (၂၉)နှစ် ၏
နေအိမ်သို့ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ခင်မောင်ဆန်း(ခ)
အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် အဆိုပါပူးပေါင်းအဖွဲ့သည်
၎င်းရပ်ကွက်နေ ဦးခင်မောင်ကျော်(၆ဝ)နှစ်၏နေအိမ်အား ဆက်လက်ရှာဖွေရာ
စတိုခန်းအတွင်းမှ ORAL CONTR ACEOTIVES ၊ Nystutin ၊ Yi Da ၊ MISOPROSTOL
TABLETS ၊ Mifepristone Tablets ၊ Cordarone 200 mg ၊ CONVERAM ၊ CONVERSYL
၊ Deriphy LiLin retard 150၊ Ecosprin-75 ၊ DENZO Tablets ၊ DROTAVERING ၊
Diltiazem AL 60 ၊ Lamivudine၊ COLCHICIME ၊ ABAMUME 60 ၊ Misoproston
Tablet 200 mcg ၊ Cycovit 25၊ Xylosine ၊ Penorit ၊ Lopinavir and
Ritonavir Tablet ၊ Penditral ၊ Sinvastatin Abz 20mg Filmtablet ၊
Stemetil 5mg ၊ Mestinon 60mg ၊ Duhil ၊ Lincheetan ၊ Swiss navy 100%
Testosterone Tigger ၊ Kimflies ၊ Silderofil Citrate Tablets 100mg ၊
Love Guru 100 ၊ Mastigra 100 တံဆိပ်အသီးသီးပါ
ကာမနှိုးဆွဆေးများဖမ်းဆီးရမိခဲ့သောကြောင့် ဦးခင်မောင်ကျော်အား
မကွေးမြို့မရဲစခန်း(ပ)၁၁၃/၂ဝ၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
ပလိုကိုး၏ နေအိမ်စတိုခန်းအတွင်းမှ Dr X
100 ၊ MAXMAN Capsules ၊ Sildenafil Citrate Tablets 100 mg ၊ Mastigra 100
၊ GERMANY SEX DROBS ၊ CHAMP ၊ POSH ၊ for man only ၊ MAN KING ၊ MENGEL ၊
Black diamond ၊ SUN တံဆိပ်အသီးသီးပါ ကာမနှိုးဆွဆေးများ၊
တရုတ်စာတန်းနှင့် ပိတုန်းတောင်ပံပုံ၊ တရုတ်စာတန်းပါ ကာမနှိုးဆွဆေးများ၊
Power Viagra နှင့် တရုတ်စာတန်းပါ ကာမနှိုးဆွဆေးရည်ပုလင်းများ
ဖမ်းဆီးရမိခဲ့သောကြောင့် ခင်မောင်ဆန်း(ခ)ပလိုကိုးအား မကွေးမြို့မရဲစခန်း
(ပ)၁၁၂/၂ဝ၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ Tramacap
ဆေးကတ်(၃၇)ကတ် ဖမ်းဆီးရမိခဲ့သောကြောင့် မယ(ပ)၁/၂ဝ၁၅၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ
၁၅/၁၉(က)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။
https://www.facebook.com/yezarnimedia/photos/pcb.923536294365837/923536217699178/?type=1&theater
No comments:
Post a Comment