Thursday, April 2, 2015

သင်္ကြန် ကာလအတွင်း အမှုအခင်းဖြစ်ပါ ကနေ့ချင်း အမိန့်ချမည်

ကန်တော်ကြီး မျှော်စင်ကျွန်းတွင် အနုပညာရှင်များ ဖျော်ဖြေကြသည်ကို ပရိသတ်များ အားပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်
ရန်ကုန်၊ ဧပြီ ၂။     ။ သင်္ကြန်ကာလအတွင်း  အမှုအခင်း များဖြစ်ပွားပါ ကနေ့ချင်း ပြီးဆောင်ရွက်နိုင်ရန် မြို့နယ် တရားရုံးများကို ဖွင့်လှစ် ထားမည်ဖြစ်ပြီးချက် ချင်းအမိန့် ချမည်ဟု ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးဝင်းကြည်က မဇ္ဈွိမ ကိုပြောသည်။

"မနှစ်ကထက် ဒီနှစ်ကို လုံခြုံရေး ပိုတင်းကြပ်ထားတယ်၊ အရက်သေစာသောက်စား ပြဿနာတက်ရင် ချက်ချင်းတရားစွဲ နေ့ချင်အပြီး အမှုကို အပြီးအပြတ် အ မိန့်ချမယ်"ဟု ၎င်းကဆိုသည်။
ထို့အပြင် သင်္ကြန်မဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားဆင်ရင်ခြင်း လိင်ပိုင်းဆိုင်ရာနှင့် ဆက်နွယ်သည့် Sexy အကများဖြင့် ဖျော်ဖြေပါက မဏ္ဍပ်ပါ ပိတ်သိမ်း မည်ဟုလည်း ဆိုသည်။
မဏ္ဍပ်စီစဉ်သူများသည် မိမိသင်္ကြန်မဏ္ဍပ်တွင် လုံခြုံရေးကင်မရာများ တင်ဆင်ခြင်း၊ ပုဂ္ဂလိက လုံခြုံရေး ၀န်ဆောင်မှုကုမ္ပဏီများ ငှားရမ်းခြင်းများ လုပ်ဆောင် ရမည့် အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ချိုးဖောက်ပါက မဏ္ဍပ်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဆိုသည်။
၂၀၁၅ခုနှစ်သင်္ကြန်ကာလအတွက်ရန်ကုန်မြို့တွင်းရှိ မြို့နယ်၄၅မြို့နယ်တွင်မဏ္ဍပ်ပေါင်း ၆၀ကျော်ကိုဆောက် လုပ်ခွင့်ပြုထားသည်။ရေကစား ကဏ္ဍပ်ဆောက် လုပ်လိုသူများ အနေဖြင့် မတ် ၁၂ရက်နောက်ဆုံး ထားလျှောက်ထားခဲ့ရပြီး ပြစ်ချက်ရှိသည့် မဏ္ဍပ်များကိုဆောက်လုပ်ခွင့် မပြုဟု ရန်ကုန် မြို့တော်စည်ပင်သာ ယာရေးကော်မတီ မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်ချ ထားရေးကော်မတီ ကကြေညာ ထားသည်။

No comments:

Post a Comment