ဧပြီလ ၆ ရက် ၂၀၁၅
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် သံလွင်မြစ်ကြီး ဘေးကင်းစေရေး
အတွက်ရည်ရွယ်၍ ဒေသခံ ပြည်သူ လူထုတို့မှ စုပေါင်းပြီး ကောင်းမှု ကုသိုလ်
ပြုလုပ်ကြကြောင်း စုံစမ်းသိရှိရသည်။
ဧပြီလ ၆ ရက်မနက်ပိုင်းက မိုင်းတုံမြို့ ပဋိကတ်ဟုန်းထမ်းတွင်စုဝေးပြီး
ဆရာတော် သံဃာတော်များ အားကန်တော့ကြကြောင်း၊ ဒေသခံလူထု ၁၀၀
ကျော်တက်ရောက်ကြောင်း သံလွင်မြစ်ကြီးနှင့်ဒေသခံ များဘေးရန်ကင်းရှင်းကြရန်
ဆုတောင်းမေတ္တာပို့သ ပေးကြသည် ဟု မိုင်းတုံဒေသခံ စိုင်းလွယ် က ပြောသည်။
“ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ လာမယ့်နှစ်မှာ နမ့်ခုံး
(သံလွင်)မြစ်ကြီး ဘေးကင်းပါစေ ။ သျှမ်းပြည်လူထု ဘေးကင်းရန်ကင်းပါစေ
လို့ဆုတောင်းတယ်။ ရေကာ တာကြီးတည်ဆောက်မယ်ဆိုတာ ကျနော်တို့မိုင်းတုံဒေသခံတွေ
လုံးဝ လက်မခံနိုင်ဘူး၊ သဘောမတူပါဘူး။ ကျနော်တို့ ဘက် ကတော့
ပွင့်ပွင့်လင်းလင်းဘဲ ဆန့်ကျင်ပါတယ်။ ကျနော်တို့ ဒေသခံတွေ အလေးထား
တန်ဖိုးထားတဲ့ သမိုင်းဝင် အမွေအနှစ်တွေ ပျက်စီးကုန်မယ်။
သျှမ်းပြည်သားတော်တော် များများ ဒီရေကာတာကြောင့် ဆင်းရဲ ဒုက္ခကြုံရမယ် ” ဟု
စိုင်းလွယ်က ပြောသည်။
နေ့လည်ပိုင်းတွင် ဩစတေးလျနိုင်ငံ SMEC ကုမ္မဏီက မိုင်းတုံ ဒေသခံလူထုအားခေါ်ယူ
တွေ့ဆုံကာ တာ့ဆာလားရွာ မြောက်ဘက် ၂၀ ကီလိုမီတာအကွာရှိ မိုင်းတုံရေကာတာ
တည်ဆောက်ဖို့အတွက် စစ်တမ်းကောက်ယူခဲ့ပါသည်။
“ ကုမ္မဏီက ၁၁ နာရီလောက်ကရောက်လာပြီးတော့ သူတို့ပြောချင်တာ ဒရစပ် ပြောသွား
တယ်။ ၁၂ နာရီလည်းထိုးရော တွေ့ဆုံပွဲလာတဲ့လူတွေကို ထမင်းသွားစား ခိုင်းတယ်။
လျှပ်စစ်မီး ၁၀ ရာခိုင်နှုန်းကိုဘဲ လူထုက ရမှာ။ ကျန်တဲ့ အများစုက
ဘယ်သူ့ကိုပေးမှာလဲ။ ဒေသခံလူထုမေးမြန်းတာကို ကုမ္မဏီက မဖြေနိုင်ဘူး။
ဒါကြောင့် ၂ နာရီတောင် မထိုးသေး ဘူး လူတွေအသီးသီးထပြန်သွားကြတယ်။” ဟု
အခမ်းအနားတက်ရောက်သည့် နန်းခမ်းကပြောသည်။
ထို့ပြင် ကုမ္မဏီများဘက်က လူထုအား ပွင့်လင်းမှုမရှိကြောင်း၊
ရေကာတာစီမံကိန်းအနီး တဝိုက်လည်း လုံခြုံရေးအထူအထပ်ချထားကြောင်း
မိုင်းတုံမြို့ နိုင်ငံရေးပါတီမှ အကြီးအကဲတဦးကလည်းပြောသည်။
ဩစတေးလျနိုင်ငံ SMEC ကုမ္မဏီ နှင့် မိုင်းတုံလူထုတို့တွေ့ဆုံပြီးနောက်ပိုင်း
အချက်ကြီး ၂ ချက်ပါသည့် ကြေငြာချက်တစောင်ကို မိုင်းတုံဒေသခံလူထုတို့က
ထုတ်ပြန်လိုက်သည်။ အဆိုပါကြေငြာချက်တွင် - တည်ငြိမ်အေးချမ်းမှုကို ၂ နှစ် ၃
နှစ်ခန့်စောင့်ကြည့် သင့် ကြောင်း၊
ရေအား လျှပ်စစ်စီမံကိန်းလုပ်ဆောင်ခြင်းအားဖြင့်
သံလွင်အထက်ပိုင်းရှိမြို့ရွာ များ စေတီပုထိုးများ ရေလွှမ်းနိုင်ခြင်း
စသည်တို့ကြောင့် အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်
စစ်စက်ရုံတည်ဆောက်ရန်အတွက် မိုင်းတုံဒေသခံများ ဆန့်ကျင်ကန့်ကွက်သည် ဟုပါရှိ
ပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပန် နှင့် သျှမ်းပြည်အရှေ့ပိုင်း
မိုင်းတုံမြို့နယ်အကြား မိုင်းတုံရေ အားလျှပ်
စစ်စီမံကိန်းတည်ဆောက်ပါကပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု ဆန်းစစ်လေ့လာ ခြင်း
EIA နှင့် လူမှုပိုင်းဆိုင်ရာ ထိခိုက် သက်ရောက်မှုဆန်းစစ်လေ့လာခြင်း SIA
တို့ကို စစ်တမ်း ကောက် ယူ ပေးရန် သြစတေး လျနိုင်ငံ အခြေစိုက် SMEC –
environment and social impact assessment ကုမ္မဏီအား မြန်မာ အစိုးရ နှင့်
ဆည်တည်ဆောက်ရေး ကုမ္မဏီများက ငှားရမ်းထားခြင်းဖြစ်သည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
No comments:
Post a Comment