Wednesday, April 1, 2015

တော်ဝင်စင်တာဘေးရှိ မီးရထားလမ်းနားက မီးရထား ဝန်ထမ်းလိုင်းခန်း မီးလောင်မှု ဖြစ်ပွား

ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်စင်တာဘေးရှိ မီးရထားလမ်းနားက မီးရထား ဝန်ထမ်းလိုင်းခန်းမှာ
ဧပြီလ(၁)ရက်နေ့ ညသန်းခေါင်ယံအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ level 2 အဆင့် သတ်မှတ်ထားတဲ့ မီးလောင်မှုမှာ လိုင်းခန်း(၄)ခန်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှု အကြောင်းရင်းကို မသိရပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ည ၁၁း၄၀ နာရီလောက် စတင်လောင်ကျွမ်းတဲ့ မီးကို ည၁၂နာရီထိုးခါနီးလောက်မှာ ထိန်းနိုင်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်

FROM::::::::::::::DVB
https://www.facebook.com/DVBTVNews/photos/pcb.871838776187957/871837189521449/?type=1&theater




No comments:

Post a Comment