မကွေး ဧပြီ ၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်ရှိ ကဇွန်းမကျေးရွာနေ
ဦးမြင့်ဝင်း(၃၇ နှစ်)သည် ဧပြီ ၆ ရက် ည ၈ နာရီခန့်က ခါးတွင် အနာပေါက်၍
ဆိပ်ဖြူ ဆေးရုံမှတစ်ဆင့် ညောင်ဦးဆေးရုံသို့ တက်ရောက် ဆေး ကုသခဲ့ရာမှ
သေဆုံးသွားခဲ့သဖြင့် ကဇွန်းမကျေးရွာသို့ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီတွင်
ပြန်လည်သယ်ယူ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုအမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ ကျေးရွာနေ ပြည်သူများနှင့်
တာဝန်ရှိသူများ စစ်ဆေးခဲ့ရာတွင် မတ် ၂၇ ရက် ညနေ ၅ နာရီက ကဇွန်းမကျေးရွာနေ
ဦးကြီးစိန် ၏ နွားငါးကောင်အနက်မှ နွားမတစ်ကောင်သည် သေဆုံး ခဲ့သဖြင့်
သေဆုံးသူဦးဝင်းမြင့်နှင့် အဆိုပါကျေးရွာနေသူ အမျိုးသား ၁ဝ ဦးတို့
သေဆုံးနွားသားများကို စားသောက် ခဲ့ပြီးနောက် ခုနစ်ရက်ခန့်အကြာတွင်
ထိုနွားသားစားသုံးသူ တချို့၏ ကိုယ်ခန္ဓာတွင် အဖုအပိမ့်နှင့်အနာများ ပေါက်
လာခဲ့သောကြောင့် ကဇွန်းမဆေးရုံနှင့် ညောင်ဦးဆေးရုံ များသို့
တက်ရောက်ဆေးကုသခဲ့ကြကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့နယ် တိမွေးကု ဦးစီး
ဒေါက်တာအေးမင်းဇော်နှင့် ကဇွန်းမတိုက်နယ် ဆရာဝန် ဒေါက်တာ ထက်ဝေလင်းတို့ထံ
မေးမြန်းခဲ့ရာတွင် သေဆုံးခဲ့သည့်နွားကို လှီးဖြတ်ရာမှ ထိခိုက်ပြတ်ရှ
ဒဏ်ရာများမှလည်းကောင်း၊ လှီးဖျက်စဉ် နဂိုရှိရင်းဒဏ်ရာ များမှတစ်ဆင့်
ကူးစက်သော ဒေါင့်သန်းရောဂါ(အသား မာရောဂါ)ဖြင့်လည်းကောင်း၊ အဆိပ်ပြင်းသော
တိရစ္ဆာန် တစ်ကောင်ကောင်ကိုက်မှုကြောင့် သေဆုံးသွားသောနွား၏
အသားကိုစားသောက်ရာမှလည်းကောင်း၊ လူကိုသေဆုံး ခြင်းဖြစ်နိုင်ကြောင်း၊
ရောဂါကို အသေးစိတ်သိရှိနိုင်ရန် အတွက် အဆိုပါလူနာများအား
ရောဂါရှာဖွေစစ်ဆေးရန် အတွက် ဆိပ်ဖြူမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်စစ်ဆေး
ခံယူနေကြကြောင်းသိရသည်။
ကျော်ဇေယျ(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
No comments:
Post a Comment