မုံရွာရှိ လေးကောင်ဂျင်ဝိုင်းကြီး ရဲဝင်စီး
===================
မုံရွာ၊ မတ် - ၅
===================
မုံရွာ၊ မတ် - ၅
မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်ရှိ လေးကောင်ဂျင်ဝိုင်းတစ်ခုကို သတင်းအရ မတ်လ ၄ ရက် ညနေ ၄ နာရီဝန်း ကျင်တွင် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းဖမ်းဆီးလိုက်သည်။
နယ်မြေရဲတပ်ဖွဲ့၊ မုံရွာမြို့မရဲစခန်း နှင့် အတူ ခရိုင်မှုခင်းနှိမ်နှင်းရေးမှ ဦးဆောင် ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။
ဝင်ရောက်စီးနင်းရာတွင် လူ(၆) ဦး နှင့် ဆိုင်ကယ် ၂၅ စီး အပါအ၀င် မီးစက်တစ်လုံးဖမ်းဆီးရမိလိုက်သော် လည်း လောင်းကစားလုပ်သူအများအပြား ထွက်ပြေးလွတ်မြောက်သွားကြောင်း ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင် သည့် ရဲအရာရှိ တစ်ဦးက မုံရွာဂေဇက်ကို အတည်ပြုပြောသည်။
လေးကောင်ဂျင်ဝိုင်းသည် လူမနေသည့် နေအိမ်ခြံဝန်းတစ်ခုအတွင်းရှိ ယာယီတဲတစ်လုံးအတွင်း လောင်း ကစားပြု လုပ်နေခြင်းဖြစ်ပြီး ဖမ်းဆီးစဉ် ငွေကျပ် သိန်း ၃၀ နီးပါး သိမ်းဆည်းရမိထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူများကို နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ပြီး လောင်းကစားပုဒ်မ ၁၄(က) နှင့် ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း နယ်မြေရဲစခန်း တာဝန်ရှိသူက ပြောသည်။

No comments:
Post a Comment