တိုက်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ်(၁၃၂)
မြောက်ပိုင်းခရိုင်ယာဉ် လိုင်းမှ မော်တော်ယာဉ် တစ်စီး ရန်ကုန်တိုင်း
မှော်ဘီမြို့နယ် ရဲဘော်ဈေးမှတ်တိုင်းအနီး၌ ယနေ့(မတ် ၅ ရက်) နံနက်
၇နာရီခွဲခန့်က လမ်းဖြတ်ကူးသူကို ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ
လမ်းဘေးသစ်ပင်သို့ ၀င်ရောက်တိုက်မိခဲ့ကြောင်း၊ ယာဉ်ပေါ် လိုက်ပါလာသူနှင့်
လမ်းဘေးကားမှတ်တိုင်တွင် ဖယ်ရီစောင့်နေသူအချို့ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါယာဉ်ပေါ်တွင်လိုက်ပါခဲ့သည့်ခရီးသည်တစ်ဦးက ပြောဆိုသည်။
"အရှိန်နဲ့မောင်းလာရင်းအရှေ့က မီနီဘက်စ်ကို ကျော်တက်တာမှာ
လမ်းဖြတ်ကူးနေတဲ့ လူတွေ ကိုတွေ့တော့ လမ်းဘေး ကိုစွဲချသွားတာ။ လမ်းဘေးမှာ
အထည်ချုပ်ဖယ်ရီစောင့်နေတဲ့ အမျိုးသမီးနှစ်ဦး လည်း ထိခိုက်သွားတယ်။
အဲဒီ့နေရာမှာ ဖယ်ရီစီးဖို့စောင့်နေတဲ့သူတွေက အများကြီးပဲ။
ထွက်ပြေးကြလို့သာ လွတ်သွားကြတာ။ ယာဉ်မောင်းနဲ့ စပယ်ယာကတော့
ထွက်ပြေးသွားကြပြီ"ဟု ၎င်းက ပြောဆိုသည်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်အများအပြားပွန်းပဲ့ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာအနည်းငယ်ပြင်းထန် သည့် ခရီးသည်လေးဦးနှင့် ဖယ်ရီစောင့်နေသည့် အထည်ချုပ်ဝန်ထမ်းအမျိုးသမီးနှစ်ဦးတို့ကိုသာ ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရရှိသူများထဲတွင် ဦးခေါင်းထိခိုက်မိသူ၊ နံရိုးကျိုးသူ၊ ဒူးအောက် ပိုင်းခြေထောက် ကျိုးသူများပါဝင်ကြောင်း အဆိုပါကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ပြောပြ ချက်အရ သိရသည်။
(ဓာတ်ပုံ - ရဲဝံ့မော်ကွန်း)
The Voice Weekly

No comments:
Post a Comment