Friday, April 3, 2015

တရုတ် လုံခြုံရေး အရာရှိဟောင်းကို စွဲချက်တင်

တရုတ်နိုင်ငံရဲ့ လုံခြုံရေးအရာရှိချုပ်ဟောင်း Zhou Yongkang ကို လာဘ်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှု နဲ့ နိုင်ငံတော်လုံခြုံရေး ပေါက်ကြားမှု စတာတွေနဲ့ စွဲချက်တင်ထားကြောင်း တရုတ်အစိုးရ သတင်းဌာနက ထုတ်ပြန်ပါတယ်။
မစ္စတာ Zhou ဟာ ၂၀၁၂ ခုနှစ် အငြိမ်းစားမယူခင်အချိန် တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ ပါဝင်သူ တဦးဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် သမ္မတ ရှီကျင်ပင်း လက်ထက်မှာ မစ္စတာ Zhou ကို စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ တရားဝင် စွဲချက်တင် ကြေညာခဲ့ကာ တရုတ် ကော်မြူနစ်ပါတီက ထုတ်ပယ်ခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
မစ္စတာ Zhou အပေါ် စွဲဆိုထားတဲ့အမှုကို တရုတ်နိုင်ငံ မြောက်ပိုင်း Tianjin တရားရုံးကို လွှဲပေးလိုက်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

No comments:

Post a Comment