နေပြည်တော်၊ ဧပြီ ၃
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်္ကြန်ကာလအတွင်း ပြည်သူများကြား မူးယစ်ဆေးဝါး၊
လိင်စိတ်ကြွ ဆေးနှင့် အခြားအန္တရာယ်ဖြစ်စေနိုင်သည့် ဆေးဝါးများအန္တရာယ်မှ
ကင်းဝေးစေရန် ကြိုတင်မျှော်တွေး လျက် ဆေးဆိုင်များတွင် မူးယစ်ဆေးဝါး၊
လိင်စိတ်ကြွဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေနိုင်
သည့် ဆေးဝါးများ
ရောင်းချမှုမရှိစေရန်
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ကွပ်ကဲမှုအောက် ရှိ
မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့၊ တောင်သာမြို့နယ်ရဲတပ်ဖွဲ့၊
မြစ်သားမြို့နယ်ရဲတပ်ဖွဲ့နှင့် စဉ့်ကိုင်မြို့နယ် ရဲတပ်ဖွဲ့တို့မှ
တပ်ဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ
ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က
သက်ဆိုင်ရာနယ်မြေအတွင်း ရှိ ဆေးဆိုင်များ၌ မူးယစ်ဆေးဝါး၊
လိင်စိတ်ကြွဆေးနှင့် အခြားအန္တရာယ်ဖြစ်စေနိုင် သည့် ဆေးဝါး များ
ရောင်း/ဝယ်ခြင်းမပြုလုပ်ရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
https://www.facebook.com/yezarnimedia/photos/pcb.920723141313819/920722891313844/?type=1&theater
No comments:
Post a Comment