Wednesday, April 1, 2015

အတွင်းဝန်များခန့်ထားရန် ပြည်ထောင်စုလွှတ်တော် ကန့်ကွက်သော်လည်း အစိုးရက လုပ်ပိုင်ခွင့်ရှိဟု ဆို

 ပြည်ထောင်စု အစိုးရအဖွဲ့တွင် အမြဲတမ်းအ တွင်းဝန်နှင့် အတွင်းဝန်ရာထူးများ ခန့်အပ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်လိုက်သော်လည်း အဆိုပါခန့်အပ်သည့်ကိစ္စ သည် ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်း အစိုး ရအဖွဲ့ကိုယ်စား အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ကံဇော်က ပြော ကြားသည်။


ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လုပ်ပိုင်ခွင့်အရ ဥပဒေနှင့် အညီခန့်အပ်ခြင်းဖြစ်ကြောင်း ဒေါက် တာကံဇော်က လွှတ်တော်သို့ ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါအကြောင်း အရာသည် ဥပဒေပိုင်းအရ ကျယ် ပြန့်စွာ ဆွေးနွေးရမည့်အတွက် ဆက်လက်ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များအား ကြေညာခဲ့သည်။ မတ်လ ၃၀ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့ကတင်သွင်းထားသည့် အတွင်းဝန် ရာထူးများခန့်ထားရေးကိစ္စနှင့် ချီးမြှင့်ငွေသည် ဥပဒေနှင့်မညီဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးက  ကန့်ကွက်သူမရှိ  အတည်ပြုလိုက်သည့်အတွက် အတွင်းဝန်ရာထူးများခန့်ထားရေးကိစ္စ ပျက်ပြယ်သွားပြီဖြစ်သည်။

သို့သော် ပြည်ထောင်စုအစိုး ရအဖွဲ့၏ ကိုယ်စားအမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာ ကံဇော်က အဆိုပါအကြောင်းအရာသည် ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်သာ ဖြစ် ကြောင်း ဥပဒေအချက်အလက် များဖြင့် ပြန်လည်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၂၀၈ တွင် နိုင်ငံတော် သမ္မတသည် ဥပဒေနှင့်အညီ ၀န်  ထမ်းအဖွဲ့အစည်းအကြီးအမှူး များ  ခန့်အပ်ခြင်း၊  ထုတ်ပယ် ခြင်းပြုနိုင်သည်ဟု ပါရှိသည်။
အတွင်းဝန်များ၏ တာဝန် သည် ၀န်ကြီး၊ ဒုဝန်ကြီးများမရှိ သည့်အခါ (သို့မဟုတ်) နိုင်ငံရေး တာဝန်အရ ရောက်မလာသေး သည့်အခါတွင် ၀န်ကြီးဌာနများ၏ ဦးစီးရုံးဝန်ကြီး၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာ ရေးဌာနခွဲ ပြည်တွင်း/ပြည်ပဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲစသည့်ဌာနခွဲ ငါးခုပါဝင် သည့် ၀န်ကြီးရုံးကို တာဝန်ခံဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာကံဇော်က ပြောကြားသည်။
‘‘အစိုးရရဲ့ ဥပဒေထဲမှာပါတဲ့ အတွက် လုပ်ဆောင်တယ်ဆိုရင် ဒါနဲ့ပတ်သက်လို့ ပြောပိုင်ခွင့် လည်းမရှိပါဘူး။ ပြောလို့လည်း မဖြစ်ပါဘူး။ လွှတ်တော်ကိုယ်စား လှယ်များလည်း ဒါနဲ့ပတ်သက်လို့ ပြောလို့မရပါဘူး။  သို့ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းအရ ချီးမြှင့်ငွေ ဆိုရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်ပါ။ အဲဒါမှ မဟုတ်ဘူးဆိုရင် တော့ လွှတ်တော်က ကန့်ကွက်ရ လိမ့်မယ်လို့ ပြောခဲ့တာပါ’’ဟု မတ်လ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပတ် သက်၍ သူရဦးရွှေမန်းက ရှင်းလင်းသည်။  အဆိုပါ ဆုံးဖြတ်ချက်ကို လတ်တလော အခြေအနေအရရွှေ့ဆိုင်းထားမည်ဖြစ်ပြီး မျှတစေရန် ပြန်လည်ဆုံးဖြတ်မည်ဟု ၎င်းက ပြောသည်။

FROM:::::: 7daydaily
http://7daydaily.com/story/34865#.VRv9hfCP8Qp

No comments:

Post a Comment