Wednesday, April 1, 2015

ပွင့်လင်းမြင်သာသည့် ဘဏ္ဍာရေးဆိုင်ရာစနစ် တစ်ခုထားရှိရန် နယ်သာလန် မိဖုရား တိုက်တွန်း

ရန်ကုန်တက္ကသိုလ်သို့ မတ်လ ၃၁ ရက်က လာရောက်လည်ပတ်သည့် နယ်သာလန်မိဖုရားနှင့် အစိုးရတာဝန်ရှိသူများ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ခံနေကြစဉ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
 
 မြန်မာနိုင်ငံတွင် အား လုံးအကျုံးဝင်မှုရှိပြီး ပွင့်လင်းမြင် သာမှုရှိသည့်  ဘဏ္ဍာရေးဆိုင်ရာ စနစ်တစ်ခု ဖြစ်ထွန်းရေးအား လုံးက ပံ့ပိုးကူညီပေးကြရန် ရန် ကုန်မြို့သို့ ရောက်ရှိနေသည့် နယ်သာလန်မိဖုရားက တိုက်တွန်းပြောကြားလိုက်သည်။


အားလုံးအကျုံးဝင်သည့် ဘဏ္ဍာရေးကဏ္ဍသည် မည်သည့် နိုင်ငံတွင်မဆို စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်၊ အလုပ်အကိုင်ဖန်တီး ရန်၊ လူမှုဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးကြောင်း နယ် သာလန်မိဖုရား မက္ကဆီမာက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ မတ်လ ၃၁ရက် နံနက်က မိန့်ခွန်းပြောကြား ချိန်အတွင်း အ လေးပေးပြောကြားခဲ့သည်။

မိဖုရားမက္ကဆီမာက အဓိက ထားဆောင်ရွက်သော လုပ်ငန်း နယ်ပယ် ငါးခုမှာ အမျိုးမျိုးသော ငွေရေးကြေးရေး ဆိုင်ရာ ၀န် ဆောင်မှုများ၊ အသေးစားနှင့်အ လတ်စားစီးပွားရေးလုပ်ငန်းများ၏ ငွေရေးကြေးရေးနှင့် ကျွမ်းကျင်မှု များ၊ တာဝန်ယူမှု ရှိသော ငွေရေး ကြေးရေးကဏ္ဍနှင့် ဘဏ္ဍာရေး ဆိုင်ရာတတ်သိနားလည် မှု၊ ငွေ ရေးကြေးရေး ဆိုင်ရာအားလုံး လက်လှမ်းမီမှု၊ ပေါင်းစည်းမှုနှင့် တည်ငြိမ်မှုရှိခြင်းတို့၏ တစ်ခုနှင့် တစ်ခုအပြန်အလှန် အထောက်အ ကူပြုမှု၊ ငွေရေးကြေးရေးဆိုင်ရာ အားလုံးလက်လှမ်းမီမှုရှိခြင်းနှင့် ပတ်သက်သည့်အချက် အလက် များစသည်တို့ဖြစ်သည်။

မြန်မာအစိုးရ၏ ဖိတ်ကြားမှု ဖြင့်လာရောက်လည်ပတ်သော နယ်သာလန် မိဖုရား မက္ကဆီမာ၏ မြန်မာနိုင်ငံ ခရီးစဉ်မှာ မတ်လ ၃၀ရက်မှ ဧပြီ ၁ရက်ထိ သုံးရက် ကြာမြင့်မည်ဖြစ်သည်။
 FROM:::::7daydaily
http://7daydaily.com/story/34870#.VRv_M_CP8Qo

No comments:

Post a Comment