ချောင်းသာကမ်းခြေတွင်
လာရောက်အပန်းဖြေသူများကို ဧပြီလဆန်းက မြင်တွေ့ရစဉ်
ချောင်းသာနှင့်
ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ခရီးသွားရာသီ အစမှာပင် ပြည်တွင်းပြည်ပ
ခရီးသွားဝင်ရောက်မှု အလွန် များပြားနေပြီး ယမန်နှစ် တစ်နှစ်ပတ်လုံး
ခရီးသွားဝင်ရောက်မှု စံချိန်ကို ကျော်လွန်သွားနိုင်ကြောင်း ဟိုတယ်နှင့်
ခရီးသွားလုပ်ငန်းများမှ ခန့်မှန်းထားကြောင်း သတင်းရရှိသည်။
ချောင်းသာကမ်းခြေသို့ ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လတာ ပြည်ပခရီးသွား
ဝင်ရောက်မှုတွင် ဂျာမနီ၊ ဆွစ်ဇာလန်၊ တရုတ်၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံများမှ
ခရီးသွားများ အဓိက ၀င်ရောက်မှု များပြားနေပြီး ပြည်တွင်းပြည်ပ
ခရီးသွားဝင်ရောက်မှုမှာ နှစ်လတာ ကာလအတွင်း ၃၈၈၉၇ ဦးထိ ရှိနေကြောင်း၊
ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လတာ ပြည်ပခရီးသွား
ဝင်ရောက်မှုတွင် တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်နိုင်ငံများမှ ခရီးသွား
အဓိက၀င်ရောက်မှု များနေပြီး ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုမှာ နှစ်လအတွင်း
၁၈၆၆၉ ဦးအထိ ရှိခဲ့ကြောင်း ဆွစ်ဇာလန်နိုင်ငံမှ လာရောက်မှုမှာ ယခုနှစ်တွင်
ပိုမိုတိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ သတင်းရရှိသည်။“၂၀၁၃ ခုနှစ်မှာ ငွေဆောင်ကို ခရီးသွားဝင်ရောက်မှုက ပြည်တွင်းပြည်ပ ၃၉၀၀၀ ကျော်တယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၇၀၀၀၀ ကျော်သွားတယ်၊။ ရာခိုင်နှုန်းအားဖြင့် ၇၈ ရာခိုင်နှုန်း တိုးတက်လာတာ။ ချောင်းသာကတော့ ၂၀၁၃ ခုနှစ်မှာ ၂၄၀၀၀၀ ကျော် ၀င်ရောက်တယ်။ ၂၀၁၄ မှာလဲ အတူတူပဲဆိုတော့ သိပ်မကွာပါဘူး။ ဒီနှစ် ၂၀၁၅ မှာတော့ နှစ်လတာ ကာလအတွင်းမှာပဲ ခရီးသွားက သိသိသာသာကို တိုးတက်လာတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းသွားပြီဆိုတော့ ဒီနှစ်က အရင်နှစ်တွေထက် အများကြီး သာမယ်လို့ ယူဆတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောကြားသည်။
ပြည်တွင်းခရီးသွားများ အနေဖြင့် ချောင်းသာကမ်းခြေကိုသာ သွားလာမှု များနေသော်လည်း ပြည်ပခရီးသွားများ အနေဖြင့် ကမ်းခြေသန့်ရှင်းသော ငွေဆောင်ကမ်းခြေကိုသာ အဓိကရွေးချယ် သွားလာနေကြောင်း သိရသည်။
- See
more at:
http://news-eleven.com/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%B1%E1%80%81%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%80%84%E1%80%BC%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%81%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%81%80%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%80%9A%E1%80%99%E1%80%94%E1%80%B9%E1%82%8F%E1%80%BD%E1%80%85%E1%80%B9#sthash.QVJxNYmM.dpuf
ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုများပြီး ယမန်နှစ် စံချိန်ထက် ကျော်လွန်မည်ဟု ခန့်မှန်း

ချောင်းသာကမ်းခြေတွင် လာရောက်အပန်းဖြေသူများကို ဧပြီလဆန်းက မြင်တွေ့ရစဉ်
ချောင်းသာနှင့်
ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ခရီးသွားရာသီ အစမှာပင် ပြည်တွင်းပြည်ပ
ခရီးသွားဝင်ရောက်မှု အလွန် များပြားနေပြီး ယမန်နှစ် တစ်နှစ်ပတ်လုံး
ခရီးသွားဝင်ရောက်မှု စံချိန်ကို ကျော်လွန်သွားနိုင်ကြောင်း ဟိုတယ်နှင့်
ခရီးသွားလုပ်ငန်းများမှ ခန့်မှန်းထားကြောင်း သတင်းရရှိသည်။
ချောင်းသာကမ်းခြေသို့ ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လတာ ပြည်ပခရီးသွား ၀င်ရောက်မှုတွင် ဂျာမနီ၊ ဆွစ်ဇာလန်၊ တရုတ်၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံများမှ ခရီးသွားများ အဓိက ၀င်ရောက်မှု များပြားနေပြီး ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုမှာ နှစ်လတာ ကာလအတွင်း ၃၈၈၉၇ ဦးထိ ရှိနေကြောင်း၊ ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လတာ ပြည်ပခရီးသွား ၀င်ရောက်မှုတွင် တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်နိုင်ငံများမှ ခရီးသွား အဓိက၀င်ရောက်မှု များနေပြီး ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုမှာ နှစ်လအတွင်း ၁၈၆၆၉ ဦးအထိ ရှိခဲ့ကြောင်း ဆွစ်ဇာလန်နိုင်ငံမှ လာရောက်မှုမှာ ယခုနှစ်တွင် ပိုမိုတိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ သတင်းရရှိသည်။
“၂၀၁၃ ခုနှစ်မှာ ငွေဆောင်ကို ခရီးသွားဝင်ရောက်မှုက ပြည်တွင်းပြည်ပ ၃၉၀၀၀ ကျော်တယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၇၀၀၀၀ ကျော်သွားတယ်၊။ ရာခိုင်နှုန်းအားဖြင့် ၇၈ ရာခိုင်နှုန်း တိုးတက်လာတာ။ ချောင်းသာကတော့ ၂၀၁၃ ခုနှစ်မှာ ၂၄၀၀၀၀ ကျော် ၀င်ရောက်တယ်။ ၂၀၁၄ မှာလဲ အတူတူပဲဆိုတော့ သိပ်မကွာပါဘူး။ ဒီနှစ် ၂၀၁၅ မှာတော့ နှစ်လတာ ကာလအတွင်းမှာပဲ ခရီးသွားက သိသိသာသာကို တိုးတက်လာတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းသွားပြီဆိုတော့ ဒီနှစ်က အရင်နှစ်တွေထက် အများကြီး သာမယ်လို့ ယူဆတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောကြားသည်။

No comments:
Post a Comment