Friday, March 4, 2016

ငါးနှစ် သက်တမ်းအတွင်း ကုန်သည်စက်မှု အသင်းချုပ်က အသုံးချခံ တစ်ခုလို ဖြစ်ခဲ့ရဟု အထွေထွေ အတွင်းရေးမှူး ပြော

ငါးနှစ် သက်တမ်းအတွင်း ကုန်သည်စက်မှု အသင်းချုပ်က အသုံးချခံ တစ်ခုလို ဖြစ်ခဲ့ရဟု အထွေထွေ အတွင်းရေးမှုး ပြော
++++++++++++++++++++++++++++++++++++++++++++++++++++
 
လက်ရှိအစိုးရသက်တမ်းငါးနှစ်နီးပါး ကာလအတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံး အသင်းအဖွဲ့ ဖြစ်သော ကုန်သည်စက်မှု အသင်းချုပ်မှာ အစိုးရ၏ သုံးစားခံ (အသုံးချခံ) တစ်ခုအဖြစ်ရပ်တည်ခဲ့ ရသ လိုဖြစ်နေကြောင်း အသင်းချုပ်၏ အထွေထွေအတွင်းရေးမှုး ဦးမိုးမြင့်ကျော်က ထုတ်ဖော်ပြောကြား လာသည်။ 


အထူးသဖြင့် ဒီမိုကရေစီအသွင်ပြောင်းသည်ဆိုသော လက်ရှိ ငါးနှစ် သက်တမ်းအတွင်း အချိန် များဖြုန်းသ လိုခံစားခဲ့ရပြီး ရောက်သင့်သလောက် အခြေအနေကို မရောက်ခဲ့ရကြောင်း ၄င်းကဆိုသည်။ " ဒီငါးနှစ်က Totally Waste (အားလုံးဖြုန်းတီး သလို) ပါပဲ ။ လုပ်သင့်တာတွေ အများကြီးကို မလုပ်နိုင်ခဲ့ဘူး " ဟု ဦးမိုးမြင့်ကျော်ကပြောသည်။ အသင်းချုပ်အနေဖြင့် စီးပွားရေးဆိုင်ရာ အကြံပြုမှုများ  ဥပဒေပြဌာန်းရေး များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင် လိုနေသော်လည်း
 
အသုံးချခံအဖြစ်သာ ပါဝင်ခွင့်ရခဲ့သည်ဟု ဆိုသည်။ " အချို့ သော စီးပွားရေး ဥပဒေတွေမှာ ကျွန်တော် တို့ တွေ တင်ပြခဲ့တာတွေနဲ့ တစ်ခြားစီတွေ အများကြီး ကြုံခဲ့ရတယ်။ အစည်းအဝေးတွေလည်း ဒီအတိုင်းပဲ၊ ကျွန်တော်တို့ ကို ပရိုတိုကော အရသာ အစည်းအဝေးထဲ ထည့်ထားတယ်။ ဆွေးနွေးခွင့်မပေးတဲ့ ပွဲတွေ အများကြီး ပဲ။ ကျွန်တော်တို့ က အလုအယက်ဝင်ပြီး ဆွေးနွေးခဲ့ရတာတွေတောင်ရှိတယ် " ဟု ဦးမိုးမြင့်ကျော် ကပြောသည်။ ကုန်သည်စက်မှုအသင်းချုပ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် အဓိကကျသော ပုဂ္ဂလိက အဖွဲ့ အစည်းကြီးတစ်ခုဖြစ်ပြီး လက်ရှိအစိုးရလက်ထက်တွင် အသင်းချုပ် ဥက္ကဋ္ဌဖြစ်ခဲ့သူတစ်ဦးမှာ စီးပွားရေးဝန်ကြီးအဖြစ်ပင် ခန့် အပ်ခံရသည်အထိ အားကောင်းခဲ့ကြောင်း သို့ သော်လည်း ယင်းနောက်ပိုင်းတွင် အသင်းချုပ်၏ အခန်းကဏ္ဍက ထင်သလောက်အရာရောက် မလာခဲ့သေးကြောင်း ဆိုသည်။ " ကျွန်တော်တို့ ကို သုံးစားသွားသလို ခံစားရတယ် " ဟု ဦးမိုးမြင့်ကျော်က ဆက်လက်ပြောကြားသည်။ အစိုးရ၏ စီးပွားရေးမူဝါဒများမှာ အမှားအယွင်းများစွာရှိခဲ့ပြီး အဆိုပါ အမှား အယွင်းများစွာကိုပင် ကောင်းမွန်စွာ ထောက်ပြခွင့်မရခဲ့ ကြောင်းဆိုသည်။ " ကျွန်တော်တို့ က အစိုးရကို တရားဝင်ပြောဖို့ ပလက်ဖေါင်းတစ်ခု ထူထောင်လိုက်ရတယ်။ မြန်မာ့စီးပွားရေး ဖိုရမ်ဆိုပြီးတော့ပေါ့။ အဲဒီ ကနေ အစိုးရရဲ့ မူဝါဒတွေကို မကြာခဏဝေဖန်ခဲ့ပေမယ့် ဘာမှ မထူးဘူး " ဟု  ၄င်းက ဆက်လက်ပြောကြား ခဲ့ပြီး မြန်မာ့စီးပွားရေး ဖိုရမ်ကိုလည်း အပေါ်ယံသာ သဘောထားခဲ့ကြောင်းဆိုသည်။ ယင်းအပြင် အသင်းချုပ်မှ ထိပ်တန်းတာဝန်ရယူထားကြသူ အများစုမှာ ပြည်ထောင်စုဝန်ကြီး အဆင့် သုံးဦးခန့် တက်သော ပွဲမျိုးတွင် ခန့် ခန့် ညားညား ၀တ်၍ ပွဲတက်နေရာယူ ကြသော်လည်း ပြည်ထောင်စု ၀န်ကြီးအဆင့် တစ်ဦးမှ မတက်သော ပွဲမျိုးတွင် မည်သည့် ထိပ်တန်းတာဝန်ရှိသူမှ တက်လိုချင်စိတ် မရှိကြကြောင်း ထုတ်ဖော်ပြောကြားသည်။ အထူးသဖြင့် အသင်းချုပ်အတွင်းမှာပင် မြန်မာ့စီးပွားရေး  အတွက် လိုအပ်သော အချက်အလက် ထောက်ပြဝေဖန်ရဲသူ သိပ်မရှိလှဘဲ  လူကြီးများ အကြိုက် လိုက်နေ တတ်သော ထိပ်တန်းခေါင်းဆောင် များစွာ ရှိနေသည်ဟု ဆိုသည်။ အသင်းချုပ်တွင် ဥက္ကဋ္ဌမှ စ၍ ဒုတိယ ဥက္ကဋ္ဌ ၊ အတွင်းရေးမှုး အပါအ၀င် ထိပ်တန်း CEC ၁၅ ဦးခန့် ထဲမှ ၈၀ ရာခိုင်နှုန်းခန့် မှာ ၄င်းထောက်ပြသော ပုဂ္ဂိုလ်များထဲ တွင်ပါဝင်နေကြောင်းလည်း သိရသည်။ 

( အိန္ဒိယတွင် တွေ့ ဆုံစဉ် သီးသန့် မေးမြန်းထားသည်များထဲမှ ပြည်သူ သိသင့်သော သတင်းကို ကိုယ်ပိုင် စာမျက်နှာမှ ဖော်ပြသည် )

No comments:

Post a Comment