မြစ်ဆုံစီမံကိန်းကို အစိုးရသစ်လက်ထက်တွင်လည်း ရပ်ဆိုင်းသင့်သည်ဟု ကချင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးပြော
*************************************************************************
ချစ်မင်းထွန်း ၊ ရန်ကုန်၊

သမ္မတဦးသိန်းစိန် အစိုးရအ ဖွဲ့မှရပ်ဆိုင်းထားသော ကချင်ပြည် နယ်ရှိ
မြစ်ဆုံစီမံကိန်းအား ငလျင်လှုပ် ခတ်မှုအပါအဝင် သဘာဝဘေးအန္တ
ရာယ်များကျရောက်နိုင်သည့်အတွက် အစိုးရသစ်လက်ထက်တွင် လည်း မြစ်
ဆုံစီမံကိန်းကို ဆက်လက်ရပ်ဆိုင်းထား သင့်သည်ဟု ကချင်ပြည်နယ်လျှပ်စစ် နှင့်
စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောသည်။
ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်း ကိုရပ်ဆိုင်းပေးရန် ကချင်ပြည်နယ် လူထုများအပါအဝင် တခြားသောတိုင်း ရင်းသားညီအစ်ကိုများက သမ္မတဦး သိန်းစိန်လက်ထက်တွင် ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။
ယင်းနောက် သမ္မတဦးသိန်းစိန်သည် ၄င်း၏သမ္မတသက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ယာယီရပ် ဆိုင်း ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
''ကျွန်တော့်အနေနဲ့ကတော့ မလုပ်စေချင်ဘူး။ အစိုးရသစ်ကလဲ လူ ထုသဘောထားကို နားထောင်စေချင် တယ်။ အန္တရာယ်ရှိတယ်။ ငလျင်လှုပ် ခတ်မှုတို့ သဘာဝဘေးအန္တရာယ်တို့ ဖြစ်ပွားလာနိုင်တယ်။ ဒါကို အစိုးရ သစ်အနေနဲ့ အလေးထားဆောင်ရွက် စေချင်ပါတယ်''ဟု ကချင်ပြည်နယ် လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦး စိုင်းမောင်ရွှေက ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံ စီမံကိန်းသည် လျှပ်စစ်ဓာတ်အားမဂ္ဂါ ဝပ် ၆ဝဝဝ ထွက်ရှိမည်ဖြစ်ပြီး အဆို ပါစီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ကချင်ပြည်နယ်အ တွင်းသို့ လျှပ်စစ်ဓာတ်အား များဖြန့်ဝေ ပေးသွားမည်ဖြစ်သလို ပိုလျှံသည့်ဓာတ် အားများကို တရုတ်နိုင်ငံသို့ရောင်းချ သွားရန်စီစဉ် ထားကြောင်း သိရသည်။
သို့သော် သမ္မတဦးသိန်းစိန်အ စိုးရတက်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆိုမှု များဖြစ်ပေါ်လာသည့်အတွက် ဦးသိန်းစိန်က ၂ဝ၁၁ခုနှစ် စက်တင်ဘာ ၃ဝ တွင် ၄င်းအစိုးရ သက်တမ်း အတွင်း ယာယီ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေခြင်းမှာ မြစ်ကြီးနားခရိုင် အတွင်း မှ ၉၉ မဂ္ဂါဝပ်ထွက်ရှိသည့် ချီဖွေရေးအားလျှပ်စစ်၊ ဗန်းမော်ခရိုင် အတွင်းရှိ မဂ္ဂါဝပ် ၂၄ဝထွက်ရှိသော တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်း များရှိနေကြောင်း သိရသည်။
အဆိုပါလျှပ်စစ်အတွက် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ် ၁၄ ဘီလီယံအသုံးပြုခဲ့ပြီး ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၆ ဘီလီယံ စုစုပေါင်းငွေ ကျပ် ၄ဝ ဘီလီယံသုံးစွဲထားကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ ၏သက်တမ်းသည် ၂ဝ၁၆ခုနှစ် မတ် လ ၃ဝ ရက်တွင် သက်တမ်းကုန်ဆုံး ပြီဖြစ်သည့်အတွက် ၂ဝ၁၅ ရွေးကောက် ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီက အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည်ဖြစ်သည်။
အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၄င်းတို့အစိုးရသစ် လက်ထက် တွင် မြစ်ဆုံစီမံကိန်းကို လူထုသဘောထား အတိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောဆို ထားသည်။
(Yangon Times Journal, 12-9)

No comments:
Post a Comment