Friday, March 4, 2016

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကို ဖြစ်မည် ၊ အချိန်သာကွာခြားမည်ဟု ဦးဝင်းထိန်ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကို ဖြစ်မည် ၊ အချိန်သာကွာခြားမည်ဟု ဦးဝင်းထိန်ပြော
*****************************************************************************
စည်သူကျော် ၊ ရန်ကုန်၊

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန်အတွက် အနှေးနှင့် အမြန်သာ ကွာခြားလိမ့်မည်ဟု အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကပြောသည်။

''ဒေါ်အောင်ဆန်းစုကြည် သမ္မ တဖြစ်မယ့်ကိစ္စက ဖြစ်ကိုဖြစ်မှာ။ ရွေ့တာ မရွေ့တာနဲ့ မဆိုင်ဘူး။ အချိန်နှေး တာနဲ့ မြန်တာ ဒီနှစ်ခုပဲကွာမယ်''ဟု ဦးဝင်းထိန်ကဆိုသည်။


မတ် ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအ ဝေးမှ သမ္မတနှင့် ဒုသမ္မတများ ရွေး ချယ်တင်မြှောက်ရန်အတွက် သက် ဆိုင်ရာ အစုအဖွဲ့အလိုက် အစည်းအ ဝေးကျင်းပရန် မတ် ၁၇ ရက် အစား မတ် ၁ဝ ရက်သို့ ပြောင်းရွှေ့သတ်မှတ် လိုက်ခြင်းနှင့်ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေ ရှိသေး လားဟု မေးမြန်းရာ ဦးဝင်းထိန်က ထို သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းပြီး သမ္မတ ရွေးချယ်တင်မြှောက်ခွင့် ရှိသည် အထိ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ-၅၉(စ)ဖြင့် မကိုက်ညီသောကြောင့် သမ္မတဖြစ်နိုင်မည် မဟုတ်ပေ။

အဆိုပါပုဒ်မအား အမျိုးသားဒီ မိုကရေစီအဖွဲ့အနေဖြင့် ပြင်ဆင်ဆိုင်းငံ့ရန် လုပ်ဆောင်မှုများ ရှိခဲ့သော် လည်း ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ် သူ ဦးသန်းစိုးနိုင်က ''တပ်မတော်က ဖွဲ့စည်းပုံပြင်ဖို့ သဘောတူတဲ့ အချိန် မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်မှာပါ။ လတ်တလောတော့ တပ် မတော်က ပြင်မယ့်သဘော မတွေ့ဘူး။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ ဆုံဆွေးနွေးမှုတွေ လုပ်နေပေမယ့် အ ပေးအယူ မတည့်ဘူးနဲ့ တူတယ်''ဟု ဆိုသည်။

လက်ရှိအချိန်တွင် တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးတွင်သာမက တပ်မတော်၏ အကျိုးစီးပွားကို ထိခိုက်လာမည့် ကိစ္စများတွင် သဘောထားတင်းမာမှုကြောင့် သမ္မတနှင့် ဒုတိယသမ္မတ များ ရွေး ကောက်တင်မြှောက်မည့် အစည်းအ ဝေးရက်များအား ဆောလျင်စွာ သတ်မှတ်ခြင်း ဖြစ်နိုင်သည် ဟု ယင်းက သုံးသပ်သည်။

ပြည်သူ့လွှတ်တော်၌ ဒေါ်ခင်စန်း လှိုင်၏ အရေးကြီးအဆိုတွင် လက် ပံတောင်းတောင်ကိစ္စနှင့် ပတ်သက် ၍ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များ မတ်တတ်ရပ်ကန့်ကွက် မှုများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြောစကားများတွင် တပ်မ တော်၏ တင်းမာသည့်သဘောထားများအား ဖော်ပြနေ သဖြင့် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်ရန် အတွက် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် အစည်းအဝေး ကျင်းပမည့်ရက် အား ပြောင်းရွှေ့သတ်မှတ် လိုက်ခြင်း ဖြစ်နိုင် သည်ဟု ၎င်းကဆိုသည်။

''သူ စိတ်မရှည်တော့ဘူး ဖြစ် လိမ့်မယ်။ ဒါ့ကြောင့်လဲ ရက်ကို စော ပြီး သတ်မှတ်တာ ဖြစ်လိမ့်မယ်။ ဒီလို လုပ်ဖို့လည်း မခက်ဘူးလေ။ သူ့အနေနဲ့ ပြည်ထောင်စုလွှတ်တော် နာယကကို ပြောလိုက်ရုံပဲ''ဟု ဦးသန်းစိုးနိုင် က သုံးသပ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပုဒ်မ-၅၉(စ) ဆိုင်းငံ့မည့် နည်းလမ်းအား သွေဖည်ပြီး အစိုးရ သစ်တစ်ရပ် လျင်မြန်စွာ ဖွဲ့စည်းနိုင် ရေး ကြိုးပမ်းနေခြင်း ဖြစ်လိမ့်မည်ဟု မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ် သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောသည်။

(Yangon Times Journal, 12-9)

No comments:

Post a Comment