"NLD အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၂၃ခုပဲ ထားမယ် "
လက်ရှိ ရှိနေတဲ့ သမ္မတရုံးဝန်ကြီးဌာန (၆)ခု ကိုNLD အစိုးရတက်လာရင်
(၁)ခုပဲထားတော့မှာဖြစ်ပြီး ၀န်ကြီးဌာန (၃၆)ခုကိုလည်း (၂၂)ခုဘဲ
ထားတော့မယ်လို့  ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန် ကပြော ပါတယ်။
ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ မှာ ဖွဲ့ စည်းမယ့် ပုဂ္ဂိုလ်တွေက NLD
ပါတီဝင်တွေ ၃၀ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုနှ်ုး သာဖြစ်ပြီး အခြားပါတီ
ကလူတွေနဲ့ ပညာရှင်တွေက များတယ်လို့ လည်း
ဦးဝင်းထိန်ကပြော ပါတယ်။စာရင်းအတိအကျ ကိုတော့ သည်လ ခြောက်ရက်နေ့ မှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ လည်း ဦးဝင်းထိန်ကပြောပါတယ်။
တူနေတဲ့ဝန်ကြီးဌာနတွေပေါင်းပြီး ဖွဲ့ စည်းသွားမှာဖြစ်လို့ ပိုလာတဲ့
ဝန်ထမ်းတွေကို နေရာချပေးဖို့  လည်း စီစဉ်ထားပြီးဖြစ်တယ်လို့ 
ဦးဝင်းထိန်ကဆိုပါတယ်။
NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်က "နဂိုကတည်းက စဉ်းစားထားပြီးသား တစ်ခုပဲရှိတာက ကိုယ် မကျွမ်းကျင်တဲ့ ၀န်ကြီးဌာန သွားရမယ်ဆို ကျွမ်းကျင်ဖို့ သူတို့ ကို သင်တန်းတွေပေးမယ် နယ်ပြောင်းရမယ် ဆိုလည်း အပြောင်းအရွှေ့ ကိစ္စ တွေမှာ တတ်နိုင်သလောက်ကူညီပေးမှာပေါ့လို့ ဆိုပါတယ်။
သည်နေ့ မနက် ဆယ်နာရီ က ပြုလုပ်ခဲ့တဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်းတွေရဲ့ အစိုးရဖွဲ့စည်းရေး အစည်းအဝေး အပြီးမှာ မီဒီယာတွေကို အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
Author/Photo - ဖေသက်ထက်ခင်

No comments:
Post a Comment