Saturday, March 5, 2016

သင်္ကြန်ပွဲတော် ကာလတွင် ရန်ကုန်မြို့၌ ရေပက်ခံထွက်သည့် လိုင်စင်မဲ့ ယာဉ်များကို အထူး စီမံချက်ဖြင့် ဖမ်းဆီး အရေးယူသွားမည်


ယခုနှစ် သင်္ကြန်ပွဲတော် ကာလတွင် ရန်ကုန်မြို့၌ ရေပက်ခံထွက်သည့် လိုင်စင်မဲ့ ယာဉ်များကို လမ်းဆုံ လမ်းခွ ၌ ယာဉ်စစ်ဆေးရေး အဖွဲ့များ ထားရှိပြီး အထူးစီမံချက်ဖြင့် ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ခွဲရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၌ လိုင်စင်မဲ့ယာဉ် အစီးရေ ၇၆ စီး ဖမ်းမိခဲ့သည့် အနက် သင်္ကြန် ကာလအတွင်း ဖမ်းမိခဲ့သည့် လိုင်စင်မဲ့ယာဉ် ၁ဝ စီးကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလ မတိုင်မီ ရန်ကုန်မြို့ အတွင်းရှိ လိုင်စင်မဲ့ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရေးကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မြို့နယ်အနှံ့ ယာဉ်ကြောပိတ်ဆို့ စစ်ဆေးရေး အဖွဲ့ များဖြင့် ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဦးစီးကော်မတီ တစ်ခုနှင့် လုပ်ငန်းကော်မတီ ၁၁ ခုကို ဖွဲ့စည်းပေးထားပြီး မဏ္ဍပ် ဆောက်လုပ်မှုနှင့် ပတ်သက်၍ အရေ အတွက်နှင့် ဆောက်လုပ်ခွင့်နေရာ သတ်မှတ်ခြင်းတို့ကို မကြာမီ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment