Saturday, March 5, 2016

တပ်မတော်စစ်ကြောင်း ချောင်းပစ်ခတ်ခံရသဖြင့် စစ်သည်တချို့ ကျဆုံး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရုံး ကာရန်နေတဲ့အဖွဲ့ကို တပ်မတော် စစ်ကြောင်းတွေက လုံခြုံရေးဆောင်ရွက်ပေးစဉ် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့လို့  တပ် မတော်သား တချို့ ထိခိုက် ကျဆုံးမှုတွေရှိတယ်လို့  စစ်တပ်ပိုင် မြ၀တီသတင်းကထုတ်ပြန်ပါတယ်။


အေအေ တပ်ဖွဲ့ဝင်တွေဟာ နှစ်နိုင်ငံ နယ်စပ် နယ်ခြား မှတ်တိုင်တွေကြားမှာ ဖေဖော်ဝါရီ ၂၇ ရက်၊ မတ်လ ၁ ရက်နဲ့ မတ်လ ၃ ရက်နေ့တွေမှာ  လောင်ချာတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ပြီး တဖက်နိုင်ငံထဲကို ဆုတ်ခွာ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

အေအေအဖွဲ့ကို ချေမှုန်းနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သံတမန်နည်းအရ ဆက်သွယ် ဆောင်ရွက်နေ တယ် လို့လည်း မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်မတော်ကတော့ မတ်လ ၃ ရက် ညနေ ၆ နာရီနဲ့ ၈ နာရီအချိန်မှာ  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့  မိုင်တိုင်အမှတ် ၆၃/၆၄ နားမှာ တိုက်ပွဲနှစ်ကြိမ်ထပ်မံဖြစ်ပွားပြီး တိုက်ပွဲမှာ  မြန်မာ စစ်တပ် ဘက်က ၃၀ ကျော် ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်ပြု ချက်ရ ယူနိုင်ခြင်းမရှိသေးပါဘူး။

No comments:

Post a Comment