Thursday, March 3, 2016

iPhone 7 ၏ အထူ ၁ မီလီမီတာ ပိုမိုပါးလွှာပြီး စတီရီယို စပီကာများ ပါဝင်လာဖွယ်ရှိ

Apple ၏ အသစ်ထွက်ရှိလာမည့် iPhone 7 တွင် ဒီဇိုင်းသစ် အသုံးပြုထားသောကြောင့် အထူမှာ iPhone 6s ထက် ၁ မီလီမီတာ ပိုမိုပါးလွှာနိုင်ကြောင်း သိရသည်။ ၎င်းတွင် headphone jack ပါဝင်လာဖွယ်မရှိဘဲ iPad Pro ကဲ့သို့ စတီရီယို စပီကာများ ပါဝင်လာနိုင်သည်။


အကယ်၍ iPhone 7 ၏ အထူမှာ iPhone 6s ထက် ၁ မီလီမီတာ ပိုမိုပါးလွှာပါက ၆.၁ မီလီမီတာ ရှိမည်ဖြစ်သည်။ ၎င်း၏ အဓိကပြိုင်ဘက် Galaxy S7 အထူမှာ ၇.၉ မီလီမီတာရှိပြီး Galaxy S6 ထက် ၁.၁ မီလီမီတာခန့် ပိုထူသည်။

Apple အနေဖြင့် iPhone 7 တွင် headphone jack ကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း Macontakara ကဖော်ပြခဲ့သည်။ ထို့ကြောင့် iPhone 7 သုံးစွဲသူများအနေဖြင့် Bluetooth နားကြပ်များနှင့် Lightning connector တို့ကို မှီခိုအားထားရဖွယ်ရှိသည်။ ထို့အပြင် Apple ၏ ဖုန်းဘေးဘောင်ဒီဇိုင်း ကို ပြင်ဆင် သွားဖွယ် မရှိကြောင်း သတင်းများက ဖော်ပြနေကြသည်။ iPhone 7 တွင် ယခင်မျိုးဆက်၏ ကိုယ်ထည်ကို အသုံးပြုဖွယ်ရှိပြီး ရေစိုဒဏ်မခံနိုင်ကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထို့အပြင် Qualcomm က သတ္တုကိုယ်ထည်မှတစ်ဆင့် ကြိုးမဲ့အားသွင်းသည့် နည်းပညာစမ်းသပ်နေသောကြောင့် ကြိုးမဲ့အားသွင်းသည့် နည်းပညာပါဝင်လာဖွယ်မရှိပေ။

iPhone 7 တွင် စတီရီယိုစပီကာများလည်း ပါဝင်လာနိုင်ကြောင်း Macotakara မှဖော်ပြခဲ့သည်။ ဂျပန် ဘလော့ တစ်ခုဖြစ်သော Macotakara သည် ယခင်က ခိုင်မာသည့် သတင်းများကို ဖော်ပြခဲ့ဖူးသည်။

Ref: Technobuffalo


No comments:

Post a Comment