မုံရွာ၊ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရြွာုမို့ပေါ်ရှိ KTV ဆိုင်များ၌ မကြာခဏ ခိုက်ရန်ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိကြသော်လည်း သက်ဆိုင်ရာ ရဲစခန်းများက တရား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန် ပျက်ကွက်လျက်ရှိနေကြောင်း သိရသည်။
`` နန္ဒ၀န်ရပ်ကွက်၊ အောင်မဟာလမ်းပေါ်က ဦးဇော်ဝင်း ဆိုင်မှာ အရင်နေ့ညက ရန်ဖြစ်ကြတယ်.. KTV အလုပ်သမ မိန်းကလေးတွေ ထိခိုက်ဒဏ်ရာရကြတယ် .. ရဲက အရေးမယူဘူး …´´ နယ်မြေခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးက ပြောသည်။
မုံရွာမြို့ပေါ်၌ KTV ဆိုင်လုပ်ငန်းပေါင်း (၃၀)ကျော်ခန့်ရှိသော်လည်း တရားဝင် အရက်မျိုးစုံရောင်းချခွင့် ယစ်မျိုးလိုင်စင် ရရှိထားသူမှာ အနည်းငယ်သာလျင်ရှိသည်။ ကျန်ဆိုင်များမှာ တရားမ၀င် အရက်များရောင်း ချပြီး သက်ဆိုင်ရာသို့ လစဉ်ကြေး ပိုက်ဆံများပေးဆောင်၍ လုပ်ကိုင်နေခြင်းဖြစ်သည်။
ထို့အပြင် အလုပ်သမား အခွင့်အလမ်းများအရ လုပ်အားခ အမြတ်ထုတ်ခံနေရသော အနှိပ်သမ အမျိုးသမီး များလည်း ၎င်းဆိုင်များတွင်ရှိနေသည်။ ယစ်မျိုးလိုင်စင်မဲ့၊ အနှိပ်ခန်းလိုင်စင်မဲ့၊ တေးသီးချင်း စီးရီး မူပိုင်ခွင့် များကို ချိုးဖောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ၎င်းကြောင့် ထွေအုပ်ဌာနနှင့် ရဲဌာနများထံ ယင်း လုပ်ငန်း ရှင်များက လစဉ် ငွေကြေးများ ပေးဆောင်နေရခြင်းဖြစ်သည်။ ထို့ကြောင့် မုံရွာမြို့ပေါ်ရှိ KTV ဆိုင်များ၌ မကြာခဏ ခိုက်ရန်ဖြစ်ပွားသော်လည်း သက်ဆိုင်ရာက ဖမ်းဆီးအရေးယူရန် ပျက်ကွက်နေခြင်းဖြစ်ကြောင်း မုံရွာမြို့ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် တစ်ဦးက ဆိုသည်။
Credit - Monywa Time
No comments:
Post a Comment