နီပေါနိုင်ငံ ခတ္တမန္တူ မှာ ယနေ့နံနက် ဒေသစံတော်ချိန် (၂)နာရီ (၁၅)မိနစ်မှာ အင်အား ၇.၉ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်လှုပ်ခပ်ခဲ့ကြောင်း အသေအပျောက်စာရင်း မသိရသေးကြောင်းနဲ့ နိုင်ငံတကာ မီဒီယာများက ဖော်ပြထားတဲ့ ဓာတ်ပုံများကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
Saturday, April 25, 2015
Thursday, April 23, 2015
UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကို ကန် အရေးယူပစ်မှတ်က ပယ်ဖျက်
အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်
တဦးဖြစ်တဲ့ ဦးဝင်းအောင်ကို အမေရိကန်ရဲ့ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု
စာရင်းကနေ မနေ့က ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားပေး လိုက် တာဟာ
အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မှာ အဆင်ပြေ
ချောမွေ့စေဖို့ အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက
သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။
ကမ္ဘာ့ဘဏ် က မြန်မာ ကို ဒေါ်လာ သန်း ၁၆၀၀ ချေးငှား ထောက်ပံ့
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim ရန်ကုန်တိုင်း တွင်းက ဆေးရုံကို လာရောက်လေ့လာခဲ့စဉ်။ (ဇန်နဝါရီ ၂၆၊ ၂၀၁၄)
Wednesday, April 22, 2015
လင်မယားစကားများရာမှ ဇနီးကိုသတ်မြေမြှုပ်၍ ထွက်ပြေး
ရေး ဧပြီ ၂၂
ရေးမြို့နယ် အစင်ကျေးရွာနယ် မြေ(၃)ရှိ ဗိုလ်ချုပ်အနောက်လမ်းတွင် ဧပြီ ၂ဝ ရက် ညနေ ၄ နာရီမိနစ် ၄ဝ က အလောင်းတစ်လောင်းမြှုပ်နှံထား ကြောင်း သတင်းအရ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်၊ ရေးရဲ စခန်းမှူး ဒုရဲမှူးပြုံးချိုနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် ရေးမြို့နယ်တရား သူကြီးဦးဇော်ဝင်းထွန်း၊ ရေးမြို့ပြည် သူ့ဆေးရုံမှ တာဝန်ကျဆရာဝန် ဒေါက်တာလင်းနိုင်ထွန်းတို့နှင့်အတူ အခင်းဖြစ်ပွားရာသို့ သက်သေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းစိုး တို့နှင့်အတူ သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ရာ သေဆုံးသူမှာ မအေးသူဇာ (၃၈ နှစ်)နယ်မြေ (၃) အစင်ကျေးရွာ ရေးမြို့နယ်နေသူဖြစ်ကြောင်း သိရှိ ရသည်။

ကန့်ဘလူမြို့နယ်တွင် လူ ၂ဝဝ အစာအဆိပ်သင့်မှုဖြစ်ပွား
ကန့်ဘလူ ဧပြီ ၂၂
ကန့်ဘလူ အမှတ်(၂)ရပ်ကွက် ရွှေတောင်ဦးသာသနာ့ ဥယျာဉ်တောရကျောင်း၌ ဧပြီ ၂၂ ရက် နံနက် ၈ နာရီ က ပဋ္ဌာန်းအောင်ပွဲတွင် ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၁၅၆ ဦး စုစုပေါင်း ၂ဝဝ မှာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Wednesday, April 15, 2015
ပြိုင်ဘက် ပါတီသစ် ပေါ်လာမှာ အန်အယ်ဒီ မမှုလို့ ဆို
အန်အယ်ဒီက မူလဆောင်ရွက်နေတဲ့ အတိုင်းဆက် လုပ်မယ်လို့ ဦးဝင်းထိန်ပြော
အန်အယ်ဒီ အနေနဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ လက်ထက်က
စစ်ဗိုလ်ချုပ် ဟောင်းတွေ ဦးဆောင်တဲ့ ပါတီ တရပ် ပေါ်ပေါက်လာမှာကို
မစိုးရိမ်ဘူး လို့အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းထိန်က
ပြောပါတယ်။တရုတ် စီးပွားရေးတိုးနှုန်း နှေးကွေးလာ
တရုတ် စီးပွားရေး တိုးနှုန်း ၆ နှစ်အတွင်း အနှေးဆုံး ဖြစ်လာ။
ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး တရုတ် နိုင်ငံရဲ့ စီးပွားရေး
တိုးတက်မှု နှုန်းဟာ နှေးကွေး လာနေတယ်လို့ တရားဝင် စာရင်းဇယားတွေက အတည်ပြု
ဖော်ပြနေပါတယ်။Monday, April 13, 2015
၂၀၁၅ မြန်မာ့စီးပွားရေး ကမ္ဘာ့ဘဏ် သုံးသပ်ချက်
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ
အားကောင်းစွာနဲ့ တိုးတက်နေဦးမှာဖြစ်တဲ့ အကြောင်း ကမ္ဘာ့ဘဏ်က ဧပြီလ ၁၃
ရက်နေ့မှာ ထုတ်ပြန်တဲ့ အရှေ့အာရှ စီးပွားရေး အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
၂၀၁၄ - ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ
၈.၅ % ရှိမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါဟာ
မြန်မာနိုင်ငံ မှာ ပြုလုပ်နေ တဲ့ ပြုပြင်ပြောင်းလဲမှုကနေ တံခါးတွေ
ဖွင့်ပေးလိုက်ရာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာတဲ့ အတွက် ဖြစ်တယ်လို့
ဆိုပါတယ်။
လျှပ်စစ်သေနတ်ထင်ပြီး ပစ်ခဲ့ပေမယ့် အစစ်ဖြစ်လို့ သေ
ရဲက မတော်တဆ ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ဗီဒီယိုကို ပြသထား (Credit: ABC)
အမေရိကန်နိုင်ငံ Oklahoma ပြည်နယ်က ရဲတစ်ယောက်ဟာ တရားခံ တစ်ယောက်
ထွက်မပြေးနိုင် အောင် stun gun လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်လိုက် စေတဲ့
သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူဆပေမယ့် သေနတ် စစ်နဲ့ ပစ်ခဲ့လို့
ပစ်ခတ်ခံရသူ သေဆုံးခဲ့ရပါတယ်။သင်္ကြန်ပွဲကို ကမ္ဘာတလွှားက မြန်မာတွေ ကျင်းပကြ
၂၀၁၃ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲ (Credit: ABC)
မြန်မာနိုင်ငံမှာ သင်္ကြန် ကျင်းပနေကြသလို နိုင်ငံတကာမှာလည်း သင်္ကြန်ပွဲတော်ကို ကျင်းပနေကြပါ တယ်။နိုင်ငံ တကာမှာ ရောက်ရှိနေတဲ့ မြန်မာတွေ သာမက၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို အစရှိ တဲ့ နိုင်ငံသား တွေကလည်း ကျင်းပနေကြတာပါ။Sunday, April 12, 2015
မူဆယ်မြို့နယ် ဗုံးပေါက်ကွဲမှု ရဲအုပ် ၂ ဦး သေဆုံး
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် မူးယစ်အထူးတပ်ဖွဲ့ က
ရှောင်တခင်စစ်ဆေးမှုတွေ လုပ်နေရင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ မူးယစ်
အထူးတပ်ဖွဲ့က ရဲအုပ် နှစ်ယောက် သေဆုံး ခဲ့ပြီး သုံးယောက်
ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်ကာလ ရန်ကုန်ဆေးရုံကြီး အထူးကုများ အချိန်ပြည့်တာဝန်ချ
ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ သင်္ကြန်ကာလအတွင်း မတော်တဆ ထိခိုက်မှု အပြင်
အရေးပေါ် ကုသမှုလိုအပ် ချက်တွေကို ဖြည့်ဆည်းပေး နိုင်အောင် ရန်ကုန်ဆေးရုံကြီး
အရေးပေါ်ဌာနက အထူးကု ဆရာဝန်တွေကို အချိန်ပြည့် တာဝန်ချ ထားပေးကြောင်း
ပြောပါတယ်။
ဟီလာရီကလင်တန်သည် ထူးချွန်ထက်မြက်သော သမ္မတ ဖြစ်လာနိုင်ကြောင်း အိုဘားမားပြော
ဝါရှင်တန် ဧပြီ ၁၂
ဟီလာရီကလင်တန်အနေဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချမှတ်ပြီး ရွေးချယ်ခံရပါက ထူးချွန်ထက်မြက်သည့် သမ္မတတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သမ္မဘာရက် အိုဘားမားက ဧပြီ ၁၁ ရက်တွင် ပြောကြားသည်။

အရက်သောက်ပြီး ဆိုင်ကယ်မောင်းနှင်ရာမှ ကားနှင့် တိုက်မိပြီး နှစ်ဦးသေ
တပ်ကုန်း ဧပြီ ၁၂
နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဥတ္တရသီရိလမ်းခွဲ ပေတောကျေးရွာ အနီးတွင် ဆိုင်ကယ် နှင့်ကားတိုက်မှု ဖြစ်ပွားရာနှစ်ဦး သေဆုံးကြောင်း သိရသည်။
နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဥတ္တရသီရိလမ်းခွဲ ပေတောကျေးရွာ အနီးတွင် ဆိုင်ကယ် နှင့်ကားတိုက်မှု ဖြစ်ပွားရာနှစ်ဦး သေဆုံးကြောင်း သိရသည်။
Saturday, April 11, 2015
ပင်စင်စားများအားလုံး တိုးမြှင့်ပင်စင်လစာကို ဧပြီလမှစ၍ ခံစားခွင့် ပြုမည်
နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှုန်းထားများ တိုးမြှင့်သတ်မှတ် ပေးပြီးနောက် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့သတင်းစဉ် သတင်းအဖွဲ့မှ ပင်စင်ဦးစီး ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။
ဘင်္ဂလားဒေ့ရှ် Jamaat-e-Islami ခေါင်းဆောင်ကို ကြိုးပေးကွပ်မျက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဝါဒီ အတိုက်အခံ ခေါင်းဆောင် Muhammad
Kamaruzzaman ကို ကြိုးပေးကွပ်မျက်လိုက်ပါပြီ။ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ကနေ
ခွဲထွက်ပြီး လွတ်လပ်ရေးရဖို့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့
စစ်ရာဇ၀တ်မှုတွေ အတွက် အခုလို ကွပ်မျက်လိုက်တာပါ။
Friday, April 10, 2015
သင်္ကြန်တွင်း လိင်စိတ်ကြွဆေးတွေ ပိတ်ပင်
ဆေးဆိုင်တွေမှာ လိင်စိတ်ကြွဆေးတွေတင်မက condom တွေပါ လိုက်သိမ်းနေတယ်လို့ ဆေးဆိုင် ပိုင်ရှင်တွေပြော
သင်္ကြန်တွင်း ကာလ ရန်ကုန်မြို့မှာ လိင်ကိစ္စ မှုခင်းတွေကို
ထိန်းချုပ်နိုင်ဖို့ ဆိုပြီး အထူး စီမံကိန်း အနေနဲ့ ဆေးဆိုင်တွေကို ဆေးဝါး
တချို့တင်မရောင်းဖို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။Wednesday, April 8, 2015
မကွေးမြို့တွင် မူးယစ်ဆေးဝါးနှင့်ကာမနှိုးဆွဆေးများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဧပြီ ၈
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မကွေး)မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မကွေးမြို့၊ ရွာသစ်ရပ်ကွက်နေ ခင်မောင်ဆန်း(ခ)ပလိုကိုး (၂၉)နှစ် ၏ နေအိမ်သို့ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ခင်မောင်ဆန်း(ခ)
အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် အဆိုပါပူးပေါင်းအဖွဲ့သည် ၎င်းရပ်ကွက်နေ ဦးခင်မောင်ကျော်(၆ဝ)နှစ်၏နေအိမ်အား ဆက်လက်ရှာဖွေရာ စတိုခန်းအတွင်းမှ ORAL CONTR ACEOTIVES ၊ Nystutin ၊ Yi Da ၊ MISOPROSTOL TABLETS ၊ Mifepristone Tablets ၊ Cordarone 200 mg ၊ CONVERAM ၊ CONVERSYL ၊ Deriphy LiLin retard 150၊ Ecosprin-75 ၊ DENZO Tablets ၊ DROTAVERING ၊ Diltiazem AL 60 ၊ Lamivudine၊ COLCHICIME ၊ ABAMUME 60 ၊ Misoproston Tablet 200 mcg ၊ Cycovit 25၊ Xylosine ၊ Penorit ၊ Lopinavir and Ritonavir Tablet ၊ Penditral ၊ Sinvastatin Abz 20mg Filmtablet ၊ Stemetil 5mg ၊ Mestinon 60mg ၊ Duhil ၊ Lincheetan ၊ Swiss navy 100% Testosterone Tigger ၊ Kimflies ၊ Silderofil Citrate Tablets 100mg ၊ Love Guru 100 ၊ Mastigra 100 တံဆိပ်အသီးသီးပါ ကာမနှိုးဆွဆေးများဖမ်းဆီးရမိခဲ့သောကြောင့် ဦးခင်မောင်ကျော်အား မကွေးမြို့မရဲစခန်း(ပ)၁၁၃/၂ဝ၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ဝဒေသမှာ လုပ်မယ့် တိုင်းရင်းသား ညီလာခံ ကိုးကန့် တက်မယ်
ကိုးကန့်ဒေသက တိုက်ပွဲတွေကြောင့် ဒေသခံတွေ သောင်းနဲ့ချီပြီး နယ်စပ်ကို ထွက်ပြေးခိုလှုံ
UWSA ဝဒေသ မှာ လက်ခံ ကျင်းပမယ့် တိုင်းရင်းသား ညီလာခံကို လောလောဆယ် အစိုးရ
စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ MNDAA မြန်မာနိုင်ငံ တိုင်းရင်းသားများ
ဒီမိုကရေစီ မဟာမိတ် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ လက်မှတ်ထိုးတဲ့အခါ ပါဝင်သင့်တဲ့ အဖွဲ့တွေ
အနေနဲ့MNDAA အဖွဲ့ ပါဝင်နိုင်အောင် NCCT တိုင်းရင်းသားများ ဘက်က
တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ က ဆောင်ရွက်
ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ်
ဦးထွန်းမြတ်လင်း က ပြောပါတယ်။၆ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်
ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို
လာမယ့် သောကြာနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဒီကနေ့
ပြုလုပ်တဲ့ သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်များ၊
တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်ပါတယ်။
သေဆုံးသွားသည့် နွားအသားစားသုံးမိသူ အမျိုးသား ၁၁ ဦး အဖုအပိမ့်နှင့် အနားများပေါက် တစ်ဦးသေ၊ ၁၀ ဦးဆေးကုသမှုခံယူရ
မကွေး ဧပြီ ၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်ရှိ ကဇွန်းမကျေးရွာနေ ဦးမြင့်ဝင်း(၃၇ နှစ်)သည် ဧပြီ ၆ ရက် ည ၈ နာရီခန့်က ခါးတွင် အနာပေါက်၍ ဆိပ်ဖြူ ဆေးရုံမှတစ်ဆင့် ညောင်ဦးဆေးရုံသို့ တက်ရောက် ဆေး ကုသခဲ့ရာမှ သေဆုံးသွားခဲ့သဖြင့် ကဇွန်းမကျေးရွာသို့ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်လည်သယ်ယူ ရောက်ရှိခဲ့ကြောင်း သိရသည်။

Tuesday, April 7, 2015
ရုရှားနစ်မြုပ်သင်္ဘော သေကံမရောက် သက်မပျောက် အတွေ့အကြုံ
အသက်မသေလွတ်မြောက်လာသူ သင်္ဘောသားများ (ဓာတ်ပုံ - Embassy of Myanmar - Moscow facebook)
ဧပြီလ ၂ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း Okhotsk ပင်လယ်၊
Kamchatka ကျွန်းဆွယ် ကမ်းလွန်ပိုင်းမှာ နစ်မြုပ်သွားတဲ့
ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok မှာ လိုက်ပါလာတဲ့ သင်္ဘောအမှုထမ်း ၁၃၂
ဦးထဲမှာ မြန်မာသင်္ဘောသား ၄၂ ဦး ပါဝင်ခဲ့ပါတယ်။
ဆရာကြီးဦးမြင့်သို့ အကြောင်းပြန်ခြင်း (၁)
(Written By - နေထွန်းနိုင်)
ဆရာကြီး ဦးမြင့်ခင်ဗျာ . . .
ဆရာကြီးက ဧပြီ ၄ ရက် နေ့စွဲနဲ့ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာကို ဧပြီ ၅ ရက်မှာ လက်ခံရရှိပါတယ်။
ဒီပေးစာက ဆရာကြီးရဲ့သဘောထားလား၊ သမ္မတ ဦးသိန်းစိန် ရေးခိုင်းလို့ ရေးရတာလားတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် သိသလောက်တော့ ဧပြီ ၄ ရက်မှာ စီးပွားရေးအကြံပေးတွေ၊ စီးပွားရေးနဲ့ လူမှုရေး အကြံပေး ကောင်စီမှာ ပါဝင်သူတွေကို သမ္မတဦးသိန်းစိန်က ခေါ်မယ်လို့ သတင်းကြိုရခဲ့တယ်။ အဲဒီနေ့ရက်စွဲနဲ့ ဆရာကြီးက ကျွန်တော့်ဆီကို ပေးစာရေးတယ်။ အဲ့ဒီအစည်းအဝေး တကယ် လုပ်ဖြစ်ခဲ့ရင်တော့ မေးခွန်း ထုတ်စရာတွေ ရှိပါတယ်။

၂ဝ၁၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မှုခင်းလျော့နည်းကျဆင်းရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၄-၄-၂ဝ၁၅ ရက်နေ့မှ ၅-၄-၂ဝ၁၅ ရက်နေ့ထိ ပညာပေးဟောပြောမှုနှင့် ကြိုတင်ကာကွယ်မှုများဖမ်းဆီးမှုအခြေအနေ
နေပြည်တော်၊ ဧပြီ ၇
၂ဝ၁၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ အောင်မြင်ချောမောစွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ယခင်နှစ်က ဖြစ်ပွားခဲ့သည့် မှုခင်းများအပေါ်သုံးသပ်၍ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မှုခင်းများလျော့နည်း ကျဆင်းစေရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ၄-၄-၂ဝ၁၅ ရက်နေ့မှ ၅-၄-၂ဝ၁၅ ရက်နေ့ထိ ကြိုတင်ကာကွယ်မှုများ ဖမ်းဆီးအရေးယူခြင်း၊ မှုခင်းကြိုတင် ကာကွယ်ရေးပညာပေးဟောပြောခြင်း၊ ဆေးဆိုင်များစစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း စစ်ဆေးခြင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကာမစိတ်နိုးဆွသောဆေးဝါးများနှင့် ညစ်ညမ်းအရာဝတ္ထုများ ဖမ်းဆီးရမိ
၆-၄-၂၀၁၅ နေ့ ၁၅၃၀ အချိန်သင်္ကြန်အကြိုကာလအတွင်း မှုခင်းကျဆင်းရေးစိမံချက်အရ
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွဋ်၊
မူးယစ်တပ်ဖွဲ့စုမှူးရဲမှူးအောင်စည်၊စခန်းမှူး ဒုရဲမှူး အောင်နိုင်ရွှေ၊
ဒုစခန်မှူး ရဲအုပ်အောင်ကိုလတ် နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် မြတ်စိုးလင်း
နှင့်ပူးပေါင်အဖွဲ့ သည် သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များ၌ရှာဖွေ
စစ်ဆေးစဉ် ဆီးဂဲဂိတ်ဝင်း အတွင်း မောင်လင်းထိန် (ခ)
ကောင်လေး(ခ)အဒူရဟေး၊၃၈နှစ်(ဘ)ဦးထွန်ရီအား မသင်္ကာဘွယ်တွေ့ရှိ၍
၎င်းထမ်းလာသောအထုပ်အားရှာဖွေ ရာ ကာမစိတ်နိုးဆွသောဆေးဝါးများနှင့် ညစ်ညမ်းအရာဝထ္တူ
များတွေ့ရှိ၍ ၄င်းအား မြ၀တီမြိုမရဲစခန်း(ပ)၄၅/၂၀၁၅ အမျိုသားဆေးဝါး ၁၈
နှင့် (ပ)၄၆/၂၀၁၅ ပြစ်မှု၂၉၂(က) တို့ဖြင့်အရေးယူထားရှိပါသည်။
မန္တလေးမြို့တော်ဝန်အသုံးစရိတ် သင်္ကြန်မဏ္ဍပ် ကျပ်သိန်း ၄,၀၀၀ ကျော် ကုန်ကျ
ယခုနှစ်သင်္ကြန်အတွက် မန္တလေး မြို့တော်ဝန်ဝန်မဏ္ဍပ်၏ အသုံးစရိတ် မှာ ကျပ်သိန်းပေါင်း
လေးထောင်ကျော်ရှိသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက
ယခုလ ၆ ရက်နေ့ကမြန်မာ တိုင်း(မ်)ကိုပြောသည်။
လေးထောင်ကျော်ရှိသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက
ယခုလ ၆ ရက်နေ့ကမြန်မာ တိုင်း(မ်)ကိုပြောသည်။
အသက် ၁၀၀ မီတာ ၁၅၀၀ ရေကူးပြိုင်ပွဲ ဂျပန်ဖွားဖွား ကမ္ဘာ့စံချိန်တင်
ဂျပန်နိုင်ငံက အသက် ၁၀၀ ရှိတဲ့ အဖွားအိုတယောက်ဟာ ကမ္ဘာမှာ မီတာ ၁၅၀၀
Freestyle လို့ခေါ်တဲ့ အလွတ် ရေကူးပြိုင်ပွဲမှာ ပန်းဝင်အောင် အောင်မြင်စွာ
ကူးခတ်နိုင်တဲ့ ပထမဆုံး ရာပြည့် ဖွားဖွားအဖြစ် မှတ်တမ်း တင်သွားပါတယ်။
အရေးပါ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ အရာရောက်ဖို့ နိုင်ငံရေးပါတီတွေတိုက်တွန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊
တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်
ခေါင်းဆောင်တွေ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ အခုလို
ဆွေးနွေးမှုတွေဟာ အရေးပါတဲ့ ဆွေးနွေးပွဲဖြစ်သလို အရာရောက်ဖို့လည်း
လိုတယ် လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က သုံးသပ် ပြောဆိုပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလားဟူသော ဆောင်းပါးနှင့်ပတ်သက်၍ သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်မှ ပေးပို့သော အိတ်ဖွင့်ပေးစာ
သို့
ဦးနေထွန်းနိုင်
အကြောင်းအရာ ။ ။ Eleven Newsmedia Myanmar တွင် ဖော်ပြခဲ့သော “မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား” ဟူသော ဆောင်းပါးနှင့်ပတ်သက်၍ သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်မှ ပေးပို့သော အိတ်ဖွင့်ပေးစာ (နေ့စွဲ။ ။ ဧပြီ ၄ ရက် ၂၀၁၅)
ခင်ဗျားရေးသားခဲ့တဲ့ အထက်ပါဖော်ပြပါ ဆောင်းပါးကို ရည်ညွှန်းလိုပါတယ်။ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ မီဒီယာတစ်ခုအနေနဲ့ အစိုးရရဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေကို ချမှတ် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ချို့ယွင်းချက်တွေကို ထောက်ပြဖို့နဲ့ သုံးသပ်၊ စောင့်ကြည့်၊ လေ့လာ ဖို့ဟာ မြန်မာနိုင်ငံအနေနဲ့ ခေတ်မီ စက်မှုတိုးတက်ပြီး ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံဖြစ်လာဖို့အတွက် အလွန်အရေးပါတယ်လို့ ယုံကြည်ပါတယ်။

မြဝတီမြို့တွင် ကာမနှိုးဆွဆေးများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဧပြီ ၇
၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆီးဂဲဂိတ်တွင် စောင့်ဆိုင်းနေစဉ် စက္ကူဂျပ်ဖာတစ်ပုံးအားထမ်းလာသည့် မသင်္ကာဖွယ်သူတစ်ဦးအား စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်နေ မောင်လင်းထိန်(ခ)ကောင်လေး(ခ) အဒူရဟေး(၃၈)နှစ်ဖြစ်ပြီး ၎င်းထမ်းလာသည့် စက္ကူဂျပ်ဖာအတွင်းမှ Mastigra 100၊ Coquettish Widdow၊ Xtra Force 100၊ MAX MAN III၊ MAX MAN IV၊ MAX MAN II၊ MAX MAN၊ Sholonyin Lotion၊ Dr. X 100၊ Caverta တံဆိပ်အသီးသီးပါ ကာမနှိုးဆွဆေးများ၊ Lonely Girls နှင့် Black Widow တံဆိပ်ပါ ကာမနှိုးဆွဆေးရည်ပုလင်းများ၊ Penis Entargar ကာမဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ တံဆိပ်မပါ ပန်းရောင် ကာမဆိုင်ရာဆက်စပ်ပစ္စည်း များအား ဖမ်းဆီးရမိခဲ့သောကြောင့် လင်းထိန်(ခ)ကောင်လေး(ခ)အဒူရဟေး အား မြဝတီမြို့မရဲစခန်း(ပ) ၄၅/၂ဝ၁၅၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

တစ်မိနစ်အတွင်း အားသွင်းနိုင်မယ့် ဘက်ထရီ ထီထွင်
အလူမီနီယံ ဘက်ထရီက တစ်မိနစ် အတွင်း အားပြန်သွင်း နိုင်တယ်လို့ ဆို။
တစ်မိနစ် အတွင်း အားပြန် သွင်းနိုင်မယ့် ဖုန်း ဘက်ထရီ နမူနာကို အမေရိကန်
နိုင်ငံ၊ ကာလီဖိုးနီးယား ပြည်နယ်က သိပ္ပံပညာရှင်တွေ က တီထွင် နိုင်ခဲ့ပါတယ်။
ဧရာဝတီတံတားမှ လျှပ်စစ်မီးကြိုးခိုးသူများ ဖမ်းမိ
မကွေး ဧပြီ ၇
မကွေးခရိုင် အင်ဂျင်နီယာမှူးနှင့် အင်ဂျင်နီယာ (လျှပ်စစ်)အဖွဲ့သည် ဧရာဝတီတံတား(မလွန်)၏ မီးမလင်း သောနေရာများအားစစ်ဆေးရာ တံတား၏ RP-1 Panael မှ UVF Steran ရထားချဉ်းကပ်တံတားသို့ တပ်ဆင်ထား သည့် ၁၆ မီလီမီတာကေဘယ်လ်လျှပ်စစ်မီးကြိုး လေး ချောင်း၊ ပေ ၈၄ဝဝ၊ ၁ဝ မီလီမီတာ၊ ကေဘယ်လ်လျှပ်စစ် မီးကြိုးလေးချောင်း၊ ပေ (၈၄ဝဝ)၊ ၄ မီလီမီတာကေဘယ်လ် လျှပ်စစ်မီးကြိုးနှစ်ချောင်း၊ ပေ ၂၁ဝဝ စုစုပေါင်း လျှပ်စစ် မီးကြိုး ပေ ၁၈၉ဝဝ၊ ကာလတန်ဖိုးငွေ ကျပ်သိန်း၂၄ဝ ကျော်ခန့် ပျောက်ဆုံးနေသဖြင့် ကေဘယ်လ်လျှပ်စစ်မီးကြိုး များ ခိုးယူသူများ ကို ဖော်ထုတ်အရေးယူပေးပါရန် ၂၃-၉-၂ဝ၁၄ ရက်က တိုင်ကြားထားခဲ့ကြောင်း သိရသည်။

ရုရှားသင်္ဘောနစ်မြုပ်မှု မြန်မာ ၁၆ ဦး ရုပ်အလောင်းအတည်ပြုနိုင်
နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok နဲ့ ပုံစံတူသင်္ဘော
နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်း သဘောင်္ပေါ်က ကယ်ဆယ်လာသူတွေနဲ့
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေဟာ ရုရှားတောင်ပိုင်း ဆာခါလင်မြို့ကို
ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စုစုပေါင်း သေဆုံးသူ ၅၆ ဦးတို့ထဲမှာ
မြန်မာနိုင်ငံသား ၁၆ ဦး ပါတယ်လို့လည်း အတည်ပြုထားပါတယ်။
လွတ်မြောက်လာသူတွေရဲ့ နောက်ဆုံးရအခြေအနေတွေကို မသိင်္ဂီထိုက် က
စုစည်းတင်ပြထားပါတယ်။
ကံမမြို့နယ် ကံပြားကျေးရွာအနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား တရုတ်နိုင်ငံသား သေဆုံး
မကွေး ဧပြီ ၇
မကွေးမြို့နယ် ကံပြားကျေးရွာ (အရှေ့)အနီး ကံပြား-နေပြည်တော် ကားလမ်း မိုင်တိုင်အမှတ် ၇၉/၂အနီး ၌ ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သဖြင့် တရုတ်နိုင်ငံသား တစ်ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။

Novotel ဟိုတယ် လုပ်ငန်းရှင် ဦးဇော်ဇော်နှင့် တွေ့ဆုံခြင်း
ဦးဇော်ဇော်နှင့် ဧရာဝတီတို့ တွေ့ဆုံမေးမြန်းစဉ်။(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
မြန်မာအိမ်ဖေါ် ဟောင်ကောင် မခေါ်တော့
ပထမဆုံးအကြိမ် ဟောင်ကောင် ရောက်ရှိသွားတဲ့ မြန်မာ အိမ်ဖေါ်တွေ ။ ဓါတ်ပုံ
- http://www.scmp.com
မြန်မာနိုင်ငံက အိမ်ဖေါ်တွေ မှာယူတင်သွင်းနေတဲ့ ဟောင်ကောင်အခြေစိုက်
အိမ်ဖော် ကုမ္ပဏီ တစ်ခု လုပ်ငန်း ရုတ်တရက် ရပ်ဆိုင်း လိုက်ကြောင်း
ကြားသိရတဲ့ အတွက် အံ့အား သင့်သွားရတယ်လို့ မြန်မာအစိုးရ အလုပ်သမား
ဝန်ကြီးဌာနက ပြောဆိုကြောင်း South China Morning Post သတင်းက ဖော်ပြပါတယ်။ခြေထောက်များက ပြောတဲ့ကျန်းမာရေး
ခြေထောက်အေးခြင်းရာသီဥတုကြောင့် အမြဲခြေထောက်အေးနေ ပါက
သွေးလျှောက် နည်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဆေး လိပ်သောက်ခြင်း၊
သွေးတိုးခြင်း၊ နှလုံးရောဂါ တို့ကြောင့် သွေးလျှောက် နည်းသည်။ ဆီးချိုရောဂါကြောင့်နဗ်ကြောပျက်စီးသည့်
အခါ ခြေထောက် အေးသည်။ သိုင်းရွိုက်ဟော်မုန်းနည်း သည့်ရောဂါ၊
သွေးအားနည်းရောဂါ တို့တွင်လည်း ခြေဖျားအေးသည်။
အသက်ရှင်ကယ်ဆယ်နိုင်ခဲ့သည့် မြန်မာသင်္ဘောသားများ ရုရှားတောင်ပိုင်းမြို့ရောက်ရှိ
ရုရှားသင်္ဘော နစ်မြုပ်မှုမှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ မြန်မာသင်္ဘောသား
(၂၂)ဦးကို ရုရှားနိုင်ငံ တောင်ပိုင်းက Yuzhro Sakhalinsk မြို့ကို
ရောက်ရှိလာတယ် လို့ မော်စကို အခြေစိုက် မြန်မာ သံရုံးက သတင်းထုတ်ပြန်ပါတယ်။
Monday, April 6, 2015
လွှတ်တော်အမတ်တွေ အတွက် သီးသန့် အဆောက်အဦ ဆောက်မယ်
လွှတ်တော်အမတ်တွေ ကို လက်ရှိ ထားထားတဲ့ စည်ပင် ဧည့်ရိပ်သာ မှာ နိုင်ငံရေး အစည်း အဝေး လုပ်ခွင့် ပိတ်ပင်ထား။
နေပြည်တော် ကို လွှတ်တော် လာတက်ရတဲ့ လွှတ်တော် အမတ် တွေ နေထိုင်ဖို့
လွှတ်တော်ဝင်း တနေရာမှာ သီးသန့် အဆောက်အဦ ကို လွှတ်တော် က ရရှိထားတဲ့
ငွေကြေး တွေ ထဲက သုံးစွဲ တည်ဆောက်မယ် ဆိုပြီး လွှတ်တော် ၂ ရပ် ပေါင်း ရဲ့
အလှည့်ကျ နာယက ဖြစ်တဲ့ သူရ ဦးရွှေမန်းက ပြောပါတယ်။ပညာရေးဥပဒေပြင်တဲ့ ဥပဒေမူကြမ်း မနက်ဖြန် အတည်ပြုဖို့ စီစဉ်
ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်။ Photo: RFA
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ကို ပြည်သူ့လွှတ်တော်မှာ
မနက်ဖြန် ဆွေးနွေး အတည်ပြုနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့
ကော်မတီ၊ ကော်မရှင်တွေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဒီနေ့
အကြိုဆွေးနွေးခဲ့ကြပါတယ်။သံလွင်မြစ်ကြီး ဘေးကင်း စေရေး မိုင်းတုံ ဒေသခံများ စုပေါင်း ဆုတောင်းပွဲ ကျင်းပ
ဧပြီလ ၆ ရက် ၂၀၁၅
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် သံလွင်မြစ်ကြီး ဘေးကင်းစေရေး အတွက်ရည်ရွယ်၍ ဒေသခံ ပြည်သူ လူထုတို့မှ စုပေါင်းပြီး ကောင်းမှု ကုသိုလ် ပြုလုပ်ကြကြောင်း စုံစမ်းသိရှိရသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် သံလွင်မြစ်ကြီး ဘေးကင်းစေရေး အတွက်ရည်ရွယ်၍ ဒေသခံ ပြည်သူ လူထုတို့မှ စုပေါင်းပြီး ကောင်းမှု ကုသိုလ် ပြုလုပ်ကြကြောင်း စုံစမ်းသိရှိရသည်။
တူရကီနိုင်ငံတွင် တွစ်တာနှင့် ယူကျုတို့အားတရားရုံးအမိန့်ဖြင့် ပိတ်ပင်
အစ္စတန်ဘူလ် ဧပြီ ၆
တူရကီနိုင်ငံတွင် တရားရုံး၏ ဆုံးဖြတ်ချက်အရ လူမှုကွန်ရက်များဖြစ်သော တွစ်တာနှင့်ယူကျု တို့အား ပိတ်ပင်ခဲ့ကြောင်း တူရကီ ဆက်သွယ်ရေး လုပ်ငန်းစုက ပြော ကြားသည်။
တူရကီနိုင်ငံတွင် တရားရုံး၏ ဆုံးဖြတ်ချက်အရ လူမှုကွန်ရက်များဖြစ်သော တွစ်တာနှင့်ယူကျု တို့အား ပိတ်ပင်ခဲ့ကြောင်း တူရကီ ဆက်သွယ်ရေး လုပ်ငန်းစုက ပြော ကြားသည်။
၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဧပြီ ၁၀ ရက် စမယ်
ဒေါ်စုရဲ့ ရိုက်စ်တာ သတင်းဌာနကို ပြောကြားချက် ကလည်း တွန်းအား တခု ဖြစ်နိုင်
၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ဆွေးနွေးမယ်လို့
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက တနင်္လာနေ့ က ပြောကြားလိုက် ပါတယ်။Sunday, April 5, 2015
မြန်မာရေလုပ်သားများကို လူကုန်ကူးခဲ့သူများအား စစ်ဆေးဖော်ထုတ်ရန် ထိုင်းဘုရင့်ရဲတပ်ဖွဲ့အမိန့်ထုတ်ပြန်ထားဟုဆို
မြန်မာရေလုပ်သားများ
ကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား ကျွန်းပေါ်သို့ လူကုန်ကူးခဲ့သည့်
ထိုင်းလုပ်ငန်းရှင်များနှင့် လှေပိုင် ရှင်များကို ထိုင်းအစိုးရက အ
ရေးယူထားသည်ဟု မြန်မာအစိုး ရထံ အကြောင်းပြန်ထားပြီး ထိုင်း
ဘုရင့်ရဲတပ်ဖွဲ့က လူကုန်ကူးသူ များအား စစ်ဆေးဖော်ထုတ်ရန်
အမိန့်စာထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး
ကာကွယ်ရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းနိုင်ထွန်းကပြောကြားသည်။
ထိုင်း ကျန်းမာရေး အာမခံ မြန်မာတွေ ၀ယ်နိုင်ပြီ
ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေ လိုပဲ အစိုးရ ရဲ့
အထွေထွေ ကျန်းမာရေး အစီအစဉ်ကတဆင့် ကျန်းမာရေးအာမခံ ၀ယ်ယူနိုင်ကြပြီလို့
နေးရှင်းသတင်း က ဖေါ်ပြပါတယ်။
ခရစ္စတီရာနို ရော်နယ်ဒိုရဲ့ စပိန်လာလီလဂါမှာ သွင်းခဲ့သမျှဂိုးများ
ပေါ်တူဂီစတား ရီးရဲမက်ဒရစ်တိုက်စစ်မှူး ခရစ္စတီရာနိုရော်နယ်ဒိုဟာ ၂၀၀၉ ကတည်းက ၂၀၁၅ အထိ စပိန်လာလီဂါမှာ ခြေစွမ်းတွေ ပြနေခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ရာသီအလိုက် သွင်းယူပေးခဲ့တဲ့ ဂိုးအရေအတွက်မှတ်တမ်းကို လေ့လာနိုင်ပါတယ်။
လုံလုံခြုံခြုံ ဖျော်ဖြေမည် ဆိုသည့်ကတိဖြင့် Grand Royal မဏ္ဍပ်ဆောက်ခွင့်ရ
၂၀၁၄ ခုနှစ်က Grand Royal မဏ္ဍပ်တွင် ဖျော်ဖြေနေသည့် ထိုင်းမိန်းမလျာအကမယ်များကို တွေ့ရစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
ပြီးခဲ့သည့်နှစ်က အမည် ပျက်စာရင်း သွင်းခြင်းခံခဲ့ရသော Grand Royal မဏ္ဍပ်က ယခုနှစ် တွင် လုံခြုံစွာဝတ်ဆင်သော မော်ဒယ်များဖြင့် ကပြဖျော်ဖြေ မည်ဆိုသည့်အချက် ထည့်သွင်း ၍ ခွင့်ပြုချက်တောင်းခံခဲ့သဖြင့် ဆောက်လုပ်ခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုများပြီး ယမန်နှစ် စံချိန်ထက် ကျော်လွန်မည်ဟု ခန့်မှန်း
ချောင်းသာကမ်းခြေတွင်
လာရောက်အပန်းဖြေသူများကို ဧပြီလဆန်းက မြင်တွေ့ရစဉ်
ချောင်းသာနှင့်
ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ခရီးသွားရာသီ အစမှာပင် ပြည်တွင်းပြည်ပ
ခရီးသွားဝင်ရောက်မှု အလွန် များပြားနေပြီး ယမန်နှစ် တစ်နှစ်ပတ်လုံး
ခရီးသွားဝင်ရောက်မှု စံချိန်ကို ကျော်လွန်သွားနိုင်ကြောင်း ဟိုတယ်နှင့်
ခရီးသွားလုပ်ငန်းများမှ ခန့်မှန်းထားကြောင်း သတင်းရရှိသည်။
မလေးရှား ဝန်ကြီးချုပ် သမီး မင်္ဂလာဆောင်ကြို/ ပို့ ရဟတ်ယာဉ် ပျက်ကျ
ကွာလာလမ်ပူ၊ ဧပြီ ၅
မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်ခ်၏ သမီး မင်္ဂလာပွဲမှနေ၍ အထူးဧည့်သည်တော်များကို ပြန်လည်ပို့ဆောင်သော ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ ဝန်ကြီးချုပ်ရုံး အကြီးအကဲ အပါအဝင် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ခြောက်ဦးစလုံး သေဆုံးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ပရိတ်သတ်အားပေးနေဆဲမို့ မွေးနေ့ဖျော်ဖြေပွဲကို ဒီနှစ်လည်း လုပ်မယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
မြန်မာနိုင်ငံရဲ့ အဆိုတော်တွေထဲမှာ နှစ်စဉ် သင်္ကြန်နားနီပြီဆိုရင် သူ့ရဲ့
မွေးနေ့ ဖျော်ဖြေပွဲ ကို ပြုလုပ်လေ့ ရှိတဲ့ အဆိုတော် သရုပ်ဆောင်တဦးရှိပါတယ်။
သူကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပါ။ ပရိတ်သတ် အားပေးမယ် မအားပေးဘူးဆိုတာ မသေချာနိုင်လို့ ၂၀၁၃
မွေးနေ့ဖျော်ဖြေပွဲကို သူရဲ့ မွေးနေ့ နောက်ဆုံးဖျော်ဖြေပွဲပါလို့
ပြောခဲ့ပေမယ့် ဒီနှစ်မှာ ထပ်လုပ်သွားပါဦးမယ်တဲ့။
မြန်မာမိသားစုတွေ လုံခြုံရေး Buffalo ရဲတပ်ဖွဲ့ တွေ့ဆုံအကြံပေး
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အနောက်မြောက်ပိုင်း
ဘတ်ဖယ်လိုမြို့က မြန်မာ အများစုနေထိုင်ရာရပ်ကွက်တွေမှာ ဖောက်ထွင်း
ခိုးယူမှုတွေ များနေတာကြောင့် လုံခြုံရေးကို
တိုးမြှင့် ချထားသွားမယ့်အကြောင်း ရဲတပ်ဖွဲ့နဲ့ မြန်မာမိသားစုတွေ
တွေ့ဆုံစဉ်မှာ ဘတ်ဖဲလိုရဲမှူးကြီး က ပြောကြားခဲ့ ပါတယ်။
မြန်မာတိုင်းရင်းသားတွေ နေထိုင်ရာရပ်ကွက်တွေမှာ ပြီးခဲ့တဲ့နှစ်
အောက်တိုဘာ လကစပြီး လုယက် တိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားခဲ့တဲ့အတွက်
ခုလို ရဲတပ်ဖွဲ့နဲ့ မြန်မာလူမှု အသိုင်း အဝိုင်းတွေ တွေ့ဆုံဆွေးနွေးရတဲ့အထိ
ဖြစ်ခဲ့တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထား ပါတယ်။
Subscribe to:
Posts (Atom)