Saturday, March 5, 2016

"နေပြည်တော်-မန္တလေးအမြန်လမ်းတွင်ဘုရားဖူးယာဉ်တိမ်းမှောက်၍ ကိုးဦးသေဆုံး"

"နေပြည်တော်-မန္တလေးအမြန်လမ်းတွင်ဘုရားဖူးယာဉ်တိမ်းမှောက်၍ ကိုးဦးသေဆုံး"
#~•~•~•~•~•~•~•~•~•~•~•~•~•~•~~•~•~~•~~•~••~



နေပြည်တော်- မန္တလေးအမြန်လမ်းတွင် ယနေ့(မတ်လ ၆ရက်)နံနက်အစောပိုင်းက ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့သဖြင့် လူကိုးဦးသေဆုံးသွားပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း အမြန် လမ်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သ​မ္မ​တ​အာ​ဏာ​လွှဲ​ပြောင်း​မှု ​ပို​မို​ချော​မွေ့​ရေး

ယခုအပတ် အိမ်ခြံမြေအရောင်းနဲ့ အဌားဈေးနှုန်းများ (၆-၃-၂၀၁၆)

ယခုအပတ် အိမ်ခြံမြေအရောင်းနဲ့ အဌားဈေးနှုန်းများ (၆-၃-၂၀၁၆)



ယခုအပတ် ကားဈေးနှုန်းများ (၆-၃-၂၀၁၆)

ယခုအပတ် ကားဈေးနှုန်းများ (၆-၃-၂၀၁၆)

အစိုးရသစ်အနေဖြင့်ရက်၁၀၀အတွင်း ဆောင်ရွက်မည့်လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်နှင့် စီးပွားရေးကော်တီ အဖွဲ့ဝင်များ ဆွေးနွေး

အစိုးရသစ်အနေဖြင့်ရက်၁၀၀အတွင်း ဆောင်ရွက်မည့်လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်စီးပွားရေးကော်တီ အဖွဲ့ဝင်များ ဆွေးနွေး
*********************************************************************************************
နေပြည်တော်၊ မတ် ၅

အစိုးရသစ်အနေဖြင့် ရက် ၁၀၀ အတွင်း ဆောင် ရွက်မည့် လုပ်ငန်းဆောင်တာများနှင့် ပတ်သက် ၍ဆွေးနွေးမှု ကိုဒေါ်အောင် ဆန်းစုကြည်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ အဖွဲ့ဝင် များမတ် ၅ရက်က ပြုလုပ် ခဲ့ကြောင်း သိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း ဒေ သကြီး/ပြည်နယ်ဝန်ကြီးချုပ် လောင်းများနှင့် မတ် ၅ရက် မွန်းလွဲ ၁နာရီခန့်က တွေ့ဆုံ သည်ဆို သည့် သတင်းများထွက်ပေါ်မှုနှင့်ပတ်သက်ပြီး နေပြည်တော်အခြေစိုက်သတင်း မီဒီယာများက အမျိုးသားဒီမို ကရေ စီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန် စု ကြည်၏အိမ်ရှေ့၌ သွားရောက်စောင့် ဆိုင်းခဲ့ကြသည်။

" ဂျပန်နိုင်ငံသားတစ်ဦး တည်းခိုရာ ဟိုတယ် ၁၀ လွှာမှ ပြုတ်ကျသေဆုံး "

" ဂျပန်နိုင်ငံသားတစ်ဦး တည်းခိုရာ ဟိုတယ် ၁၀ လွှာမှ ပြုတ်ကျသေဆုံး "
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~

ဒဂုံမြို့နယ်၊ န၀ဒေးလမ်းရှိ Alfa Hotel ၁၀လွှာမှ ဂျပန်နိုင်ငံသားတစ်ဦး ပြုတ်ကျ၍ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံသားသည် ၄င်းတည်းခိုရာ ဟိုတယ်၏ ၁၀ လွှာမှ ယနေ့(မတ် ၆ရက်) နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ရာလမ်းတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

"ဂျပန်နိုင်ငံသားဟုတ်ပါတယ်။ ၁၀လွှာကပြုတ်ကျပြီး ဓါတ်ကြိုးနဲ့ ငြိတယ်။ ပြီးတော့ ကားအမိုးပေါ်ကျတယ်။ အဲဒီ ကတဆင့် အောက်ကိုပြုတ်ကျလာတယ်။ လမ်းမှာပဲဆုံးသွားတယ်" ဟု ဒုရဲမှူးကြီးကဆက်ပြောသည်။

ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးဘဲ မှတ်တမ်းယူနေဆဲဖြစ်ကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲ အရာရှိ တစ်ဦးက ဖြေကြားသည်။

7Day News Journal

ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆိုခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး အမှုတွင် တရားလိုပြသက်သေ တစ်ဦးအား စစ်ဆေး

ဌာနအတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆို ခံထားရ သည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေး၏ အမှုအား မတ် ၄ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ စစ်ဆေးရာတရားလို ဒေါ်သိန်းသိန်းနိုင်၏ သားဖြစ်သူအား စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ကတော့ ကျွန်တော့်ကို တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ ဒေါ်သိန်းသိန်းနိုင်ရဲ့ သားဖြစ်သူကို စစ်ဆေးတာပါ။ တရားလိုပြ သက်သေပေါ့။ အာမခံကတော့ ဖေဖော်ဝါရီ ၁၈ ရက်က ရခဲ့တာပါ။ အာမခံရလို့ အခုကျွန်တော့်ကျန်းမာရေး အခြေအနေအရ ဆေးကုသမှု ခံယူနေပါတယ်” ဟု ချမ်းအေးသာစံမြို့နယ် တရားရုံး၌ အမှုလာရောက်ရင်ဆိုင်စဉ် ဦးမြင့်ဇော်ထွေးက ပြောကြားသည်။

အနာဂတ်ကွန်ဒိုဈေးကွက် ကောင်းမွန်လာနိုင်

မြတ်ငြိမ်းအေး   |   Monday, 29 February 2016 

ကွန်ဒိုမီနီယံဈေးကွက်သည် မြန်မာနိုင်ငံတွင်ယခုနှစ်ပိုင်းများ၌ ပိုမိုတွင်ကျယ်လာခဲ့သည်။ ကွန်ဒို
အသစ်များကို တည်ဆောက်ကာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချခြင်းများ ရှိသကဲ့သို့ဈေးကွက်အတွင်း
ရှိပြီးသား ကွန်ဒိုအဟောင်းများမှာလည်း ငှားရမ်းနေထိုင်သူ များပြားသဖြင့် အငှားဈေးကွက်ဖြင့်
ရပ်တည်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းဆုံရာ မီးပွိုင့်အနီးရှိ ပုလဲကွန်ဒိုမီနီယံ အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)
အထူးသဖြင့် ရန်ကုန်မြို့တွင် ကွန်ဒိုအခန်းများကို ဝယ်ယူကာ ပြန်လည်ငှားရမ်းခြင်းဖြင့်ကွန်ဒို
ဈေးကွက်အတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိသည်။ အချို့မှာ ကိုယ်တိုင်နေထိုင်ရန်
ဝယ်ယူခြင်းများလည်း ရှိသော်လည်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများသည် ကွန်ဒိုအခန်းများကို
ပြန်လည်ငှားရမ်းရန် ဝယ်ယူကြသည်က များသည်။

ကိုယ်စားလှယ် အခြေပြု Mobile Banking စနစ်စတင် အသုံးပြုနိုင်တော့မည်

 ၆-၃-၂၀၁၆

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)သည် ၎င်းတို့၏ ကိုယ်စားလှယ် အခြေပြု Mobile Banking ကို မတ် ၁၅ ရက်တွင် စတင်အသုံးပြု နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

''တခြားဘဏ်က Mobile Banking တွေနဲ့ ကွာတာက ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို အခြေပြုတာ ကွာတယ်။ နောက်ပြီး ဝန်ဆောင်ခ ဈေးသက်သာတာ ကွာမယ်။ Mobile Banking စာရင်းထဲကငွေကို ATM စက်ထဲကနေ ထုတ်ယူလို့ ရတာကွာမယ်'' ဟု မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမင်းခိုင်က ပြောသည်။

တပ်မတော်စစ်ကြောင်း ချောင်းပစ်ခတ်ခံရသဖြင့် စစ်သည်တချို့ ကျဆုံး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရုံး ကာရန်နေတဲ့အဖွဲ့ကို တပ်မတော် စစ်ကြောင်းတွေက လုံခြုံရေးဆောင်ရွက်ပေးစဉ် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့လို့  တပ် မတော်သား တချို့ ထိခိုက် ကျဆုံးမှုတွေရှိတယ်လို့  စစ်တပ်ပိုင် မြ၀တီသတင်းကထုတ်ပြန်ပါတယ်။

သင်္ကြန်ပွဲတော် ကာလတွင် ရန်ကုန်မြို့၌ ရေပက်ခံထွက်သည့် လိုင်စင်မဲ့ ယာဉ်များကို အထူး စီမံချက်ဖြင့် ဖမ်းဆီး အရေးယူသွားမည်


ယခုနှစ် သင်္ကြန်ပွဲတော် ကာလတွင် ရန်ကုန်မြို့၌ ရေပက်ခံထွက်သည့် လိုင်စင်မဲ့ ယာဉ်များကို လမ်းဆုံ လမ်းခွ ၌ ယာဉ်စစ်ဆေးရေး အဖွဲ့များ ထားရှိပြီး အထူးစီမံချက်ဖြင့် ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ခွဲရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်လောင်းစာရင်း ထွက်ပေါ်

နေပြည်တော်၊ မတ် ၅

NLD ပါတီ ကိုယ်စားလှယ်များ အသာစီး ရယူထားသည့် ပြည်ထောင်စု လွှတ်တော် က ရွေးချယ် တင်မြှောက်မည့် နိုင်ငံတော်သမ္မတသစ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့်သူများ စာရင်းထွက်ပေါ်လျက် ရှိကြောင်း NLD ပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသော The Voice သတင်းရင်းမြစ်များထံမှ သိရသည်။

ထား (တေးရေး- မြသန်းစံ) (တေးဆို- ပက်ထရစ်)


သီချင်းဆိုတာ အဲ့ဒါကိုဆိုတာတဲ့ မင်းတို့မှတ်ထားတဲ့ ဦးကျော်ဟိန်း ပြောခဲ့တာပါ။

မြစ်ဆုံစီမံကိန်း ပြည်သူများ လက်ခံလာစေရန်ရှင်းပြမည်ဟု တရုတ်သံအမတ်ဆို

ရန်ကုန်၊ မတ် ၅

ကချင်ပြည်နယ်တွင် တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(CPI)က အကောင်အထည် ဖော်နေ သည့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကို မြန်မာပြည်သူများ လက်ခံလာစေရန် ရှင်းပြမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံ အမတ် Mr. Hong Liang က မတ်လ ၄ ရက်၊ ညပိုင်းက အဆိုပါသံအမတ်နေအိမ်တွင် သံအမတ်နှင့်မီဒီယာများ တွေ့ဆုံပွဲ၌ ပြောကြားသည်။ 

လက်ရှိအစိုးရလက်ထက် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အစိုးရသစ်လက်ထက် တွင် ပြည်သူ များနှင့်အစိုးရက ဆက်လက်ရပ် ဆိုင်းပေးရန် တောင်းဆိုလာပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနှင့် မည်သို့ဆောင်ရွက်မည်ဆိုသော The Voice ၏မေးခွန်းအပေါ် Mr. Hong Liang က စကားပြန် မှတစ်ဆင့် ဖြေကြားခြင်းဖြစ်သည်။

မုံရွာမြို့ပေါ်ရှိ KTV ဆိုင်များ၌ မကြာခဏ ခိုက်ရန်ဖြစ်ပွားသော်လည်း သက်ဆိုင်ရာမှ အရေးမယူ

မုံရွာ၊ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရြွာုမို့ပေါ်ရှိ KTV ဆိုင်များ၌ မကြာခဏ ခိုက်ရန်ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိကြသော်လည်း သက်ဆိုင်ရာ ရဲစခန်းများက တရား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန် ပျက်ကွက်လျက်ရှိနေကြောင်း သိရသည်။

"NLD အစိုးရသစ်တက်ရင် ရက်ပေါင်း တစ်ရာအတွင်း စီးပွားရေးကိစ္စ ဘာတွေလုပ်မလဲ ဆွေးနွေးခဲ့"



ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်တဲ့ ယနေ့အစည်းအဝေးမှာ ပါတီကဖွဲ့စည်းထားတဲ့စီးပွားရေးကော် မတီ အဖွဲ့ဝင်တွေနဲ့ နောက်အစိုးရတက်လာရင် ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆွးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက ပိုပြီး ဖောက်ပြန်ပါသလဲ

သမိုင်းဝင် အချက်အလက်တွေအရ ယောက်ျား ၂၂ % နဲ့ မိန်းမတွေက ၁၄% ဖောက်ပြန် ကြကြောင်းဖော်ပြ ခဲ့ကြပါတယ်။ ဒါပေမဲ့ အချိန်တွေပြောင်းလဲလာသလို အကြောင်းအရာတွေက လည်းပြောင်းလဲ လာကြပါတယ်။ မကြာမီက အင်္ဂလန်နိုင်ငံက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဖောက်ပြန်မှု မှာ ယောက်ျားက ၉ %ဖြစ်သွားပြီး မိန်းမက ၂၅% ဖြစ်သွားပါတယ်။

ဒဂုံစီးတီးအပါအဝင် စီမံကိန်းလေးခု ပျက်ပြယ်နိုင်ဟု စည်ပင်သာယာရေး ကော်မတီဝင် ထုတ်ပြန်


ရန်ကုန်မြို့တွင် လုပ်ဆောင်နေသည့် ဒဂုံစီးတီး အပါအဝင် စီမံကိန်းလေးခုအတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံတွင် ခွင့်ပြုချက်ရယူရမည်ဖြစ်သော်လည်း ခွင့်ပြုချက် မယူခြင်းကြောင့် အဆိုပါ စီမံကိန်းများ ပျက်ပြယ်နိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဖြစ်သူ ဦးခင်လှိုင် က ကြေညာလိုက်သည်။

Messenger တွင်သီချင်းများ နားဆင်နိုင်တော့မည်

Facebook ရဲ့ Messenger ဟာ Uber လိုမျိုးပဲ သူတို့ရဲ့ အွန်လိုင်းကနေတစ်ဆင့် Spotify ကနေချိတ် ဆက်ပြီး သီချင်းနားဆင်နိုင်တဲ့ လုပ်ဆောင်ချက်တစ်မျိုးကို ထည့်သွင်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Messenger ကို စာပို့App တစ်ခုအဖြစ်ကနေ Facebook အနေနဲ့ ဖောက်ထွက်လိုနေတာဖြစ်ပြီး Android ရော iOS နှစ်မျိုးလုံး အသုံးပြုလို့ ရအောင် Spotify ကနေတစ်ဆင့်ချိတ်ဆက် ပြု လုပ်မှာဖြစ် ပါတယ်။

ယခုနှစ် မန်းသင်္ကြန်တွင် မဏ္ဍပ်များ ရေပိုက်သုံးခွင့် ကန့်သတ်ပြီး တစ်ဦးချင်း ရေစုပ်စက်များ သုံးခွင့်ပိတ်မည်

လာမည့် ၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန်တွင် ရေသုံးစွဲမှုလျှော့ချရန် ကျုံးပတ်လည်သင်္ကြန်မဏ္ဍပ်များ၌ အသုံးပြု မည့် ရေပိုက်များ အရေအတွက်ကို ကန့်သတ်လိုက်ပြီး ယခင်နှစ်များက ခွင့်ပြု ခဲ့သော တစ်ဦးချင်း ရေစုပ် စက် များ သုံးစွဲခွင့် ကိုလည်း ခွင့်မပြုတော့ကြောင်း မန္တလေးမြို့ သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ၀င် ဦးသက်နိုင်ထွန်းက ပြောသည်။

တိုက်ကြီး-ရန်ကုန် ခရီးသည်တင်ယာဉ် လမ်းဖြတ်ကူးသူကိုရှောင်ရာမှ လမ်းဘေးသစ်ပင်သို့ ၀င်ရောက်တိုက်မိ


တိုက်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ်(၁၃၂) မြောက်ပိုင်းခရိုင်ယာဉ် လိုင်းမှ မော်တော်ယာဉ် တစ်စီး ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ရဲဘော်ဈေးမှတ်တိုင်းအနီး၌ ယနေ့(မတ် ၅ ရက်) နံနက် ၇နာရီခွဲခန့်က လမ်းဖြတ်ကူးသူကို ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်သို့ ၀င်ရောက်တိုက်မိခဲ့ကြောင်း၊ ယာဉ်ပေါ် လိုက်ပါလာသူနှင့် လမ်းဘေးကားမှတ်တိုင်တွင် ဖယ်ရီစောင့်နေသူအချို့ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါယာဉ်ပေါ်တွင်လိုက်ပါခဲ့သည့်ခရီးသည်တစ်ဦးက ပြောဆိုသည်။

Yangon Waterboom သို့ လာရောက်လည်ပတ်ခဲ့ကြသည့် ဧည့်သည်တော်များအားလုံးအတွက် အထူးအစီအစဉ်

မင်္ဂလာပါနံနက်ခင်းပါ.. Yangon Waterboomers တို့ရှင့်..

သာယာလှပတဲ့ စနေနေ့လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော Yangon Waterboom တွင် အဆင်မပြေမှုများနှင့် ချို့ယွင်းမှုများ ရှိခဲ့ သည့်အတွက် ထပ်မံ၍ အနူးအညွတ်တောင်းပန်အပ်ပါသည်။ မိဘပြည်သူများအနေဖြင့် Yangon Waterboom တွင် ယခုလို မျှော်လင့်မထားသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းကို မည်သည့် အရာနှင့်မျှ ပြန်လည်အစားထိုးရန် မလွယ်ကူနိုင်ကြောင်း ကောင်းစွာနားလည်သဘောပေါက်ပါသည်။ Public Opening Day ဖြစ်သည့် အဆိုပါနေ့တွင် Yangon Waterboom သို့ လာရောက်လည်ပတ် ခဲ့ကြသည့် ဧည့်သည်တော်များအားလုံးအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် အုပ်ချုပ်ရေးအဖွဲ့သို့ "၀င်ခွင့်လက်မှတ်လက်ခံဖြတ်ပိုင်း အထောက်အထား" ပြသပေးနိုင်သည့်မိဘပြည်သူများအားလုံးကို အခမဲ့ ပြန်လည်ဝင်ရောက်ခွင့် (Free-Entrance) အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး အပ်ပါ သည်။ အသေးစိတ်သိရှိလိုပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရည်းစားဟောင်းကိုဘယ်လိုမေ့ပစ်ရမလဲ ??

* သင်ကိုယ်တိုင် အတွက်အချိန်ပေးပါ။
* လမ်းခွဲမှုကိုသင်ကိုယ်တိုင်လက်ခံနိုင်ဖို့ အချိန်ယူပါ။
* သူနဲ့ ပတ်သက်သမျှကိုမေ့ပစ်ဖို့ ကြိုးစားပါ။
* ဓာတ်ပုံနဲ့ အခြားအမှတ်တရပစ္စည်းအားလုံးလွှင့်ပစ်ပါ။
* ကာင်းမွန်စွာမေ့ပစ်နိုင်ဖို့ တရားထိုင်ပါ။

မုံရွာရှိ လေးကောင်ဂျင်ဝိုင်းကြီး ရဲဝင်စီး

မုံရွာရှိ လေးကောင်ဂျင်ဝိုင်းကြီး ရဲဝင်စီး
===================
မုံရွာ၊ မတ် - ၅

မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်ရှိ လေးကောင်ဂျင်ဝိုင်းတစ်ခုကို သတင်းအရ မတ်လ ၄ ရက် ညနေ ၄ နာရီဝန်း ကျင်တွင် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းဖမ်းဆီးလိုက်သည်။

Friday, March 4, 2016

မန္တလေး ရွှေမြို့တော် အလှဓာတ်ပုံများ

မြန်မာတို့ရဲ့ အလှ ရာဇဝင်ထဲကမြို့ မန္တလေး ရွှေမြို့တော်ရဲ့ အလှဓာတ်ပုံများ


မြစ်ဆုံစီမံကိန်းကို အစိုးရသစ်လက်ထက်တွင်လည်း ရပ်ဆိုင်းသင့်သည်ဟု ကချင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးပြော

မြစ်ဆုံစီမံကိန်းကို အစိုးရသစ်လက်ထက်တွင်လည်း ရပ်ဆိုင်းသင့်သည်ဟု ကချင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးပြော
*************************************************************************
ချစ်မင်းထွန်း ၊ ရန်ကုန်၊ 

သမ္မတဦးသိန်းစိန် အစိုးရအ ဖွဲ့မှရပ်ဆိုင်းထားသော ကချင်ပြည် နယ်ရှိ မြစ်ဆုံစီမံကိန်းအား ငလျင်လှုပ် ခတ်မှုအပါအဝင် သဘာဝဘေးအန္တ ရာယ်များကျရောက်နိုင်သည့်အတွက် အစိုးရသစ်လက်ထက်တွင် လည်း မြစ် ဆုံစီမံကိန်းကို ဆက်လက်ရပ်ဆိုင်းထား သင့်သည်ဟု ကချင်ပြည်နယ်လျှပ်စစ် နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောသည်။

ငါးနှစ် သက်တမ်းအတွင်း ကုန်သည်စက်မှု အသင်းချုပ်က အသုံးချခံ တစ်ခုလို ဖြစ်ခဲ့ရဟု အထွေထွေ အတွင်းရေးမှူး ပြော

ငါးနှစ် သက်တမ်းအတွင်း ကုန်သည်စက်မှု အသင်းချုပ်က အသုံးချခံ တစ်ခုလို ဖြစ်ခဲ့ရဟု အထွေထွေ အတွင်းရေးမှုး ပြော
++++++++++++++++++++++++++++++++++++++++++++++++++++
 
လက်ရှိအစိုးရသက်တမ်းငါးနှစ်နီးပါး ကာလအတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံး အသင်းအဖွဲ့ ဖြစ်သော ကုန်သည်စက်မှု အသင်းချုပ်မှာ အစိုးရ၏ သုံးစားခံ (အသုံးချခံ) တစ်ခုအဖြစ်ရပ်တည်ခဲ့ ရသ လိုဖြစ်နေကြောင်း အသင်းချုပ်၏ အထွေထွေအတွင်းရေးမှုး ဦးမိုးမြင့်ကျော်က ထုတ်ဖော်ပြောကြား လာသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီမှ ဦးညီပု အားခန့် အပ်မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီမှ ဦးညီပု အားခန့် အပ်မည်
=======================================
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်လွှတ်တော်အမတ်ဖြစ်သည့် ဦးညီပု အားခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း NLD ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းကပြောကြားခဲ့သည်။

"NLD အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၂၃ခုပဲ ထားမယ် "

"NLD အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၂၃ခုပဲ ထားမယ် "

လက်ရှိ ရှိနေတဲ့ သမ္မတရုံးဝန်ကြီးဌာန (၆)ခု ကိုNLD အစိုးရတက်လာရင် (၁)ခုပဲထားတော့မှာဖြစ်ပြီး ၀န်ကြီးဌာန (၃၆)ခုကိုလည်း (၂၂)ခုဘဲ ထားတော့မယ်လို့  ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန် ကပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကို ဖြစ်မည် ၊ အချိန်သာကွာခြားမည်ဟု ဦးဝင်းထိန်ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကို ဖြစ်မည် ၊ အချိန်သာကွာခြားမည်ဟု ဦးဝင်းထိန်ပြော
*****************************************************************************
စည်သူကျော် ၊ ရန်ကုန်၊

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန်အတွက် အနှေးနှင့် အမြန်သာ ကွာခြားလိမ့်မည်ဟု အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကပြောသည်။

''ဒေါ်အောင်ဆန်းစုကြည် သမ္မ တဖြစ်မယ့်ကိစ္စက ဖြစ်ကိုဖြစ်မှာ။ ရွေ့တာ မရွေ့တာနဲ့ မဆိုင်ဘူး။ အချိန်နှေး တာနဲ့ မြန်တာ ဒီနှစ်ခုပဲကွာမယ်''ဟု ဦးဝင်းထိန်ကဆိုသည်။

Thursday, March 3, 2016

ပုံထဲကသူတွေက ဘယ်သူတွေလဲ

ချစ်သော ပရိတ်သတ်ကြီးခင်ဗျာ ဓာတ်ပုံထဲကလူတွေက ဘယ်သူတွေလဲလို့ ထင်ပါသလဲ။ တစ်ဦးချင်းစီ ကိုရော သိကြပါသလား။ သိတဲ့သူတွေရှိရင် နာမည်လေးတွေ ရေးပေးခဲ့ပါလား လို့ တောင်းဆိုပါရစေ။

ခွေးတကောင်မြေကြီးတူးဖေါ်ယက်ထုတ်နေတာမသင်္ကာဘွယ်တွေ့ရှိရာမှလူသေအလောင်းတွေ့ရှိ

မတ်လ၃ရက်နေ့ကဧရာဝတီတိုင်းဒေသကြီးဟင်္သာတတက္ကသိုလ်ရဲ့အနောက်ဖက်ချစ်သူလမ်းကြားဘေးရှိ

iPhone 7 ၏ အထူ ၁ မီလီမီတာ ပိုမိုပါးလွှာပြီး စတီရီယို စပီကာများ ပါဝင်လာဖွယ်ရှိ

Apple ၏ အသစ်ထွက်ရှိလာမည့် iPhone 7 တွင် ဒီဇိုင်းသစ် အသုံးပြုထားသောကြောင့် အထူမှာ iPhone 6s ထက် ၁ မီလီမီတာ ပိုမိုပါးလွှာနိုင်ကြောင်း သိရသည်။ ၎င်းတွင် headphone jack ပါဝင်လာဖွယ်မရှိဘဲ iPad Pro ကဲ့သို့ စတီရီယို စပီကာများ ပါဝင်လာနိုင်သည်။

Wednesday, March 2, 2016

မြန်မာနဲ့ မြောက်ကိုရီးယား ပက်စ်ပို့ အဆင့်တူ သတ်မှတ်ခံရ

မြန်မာနဲ့ မြောက်ကိုရီးယား ပက်စ်ပို့ အဆင့်တူ သတ်မှတ်ခံရ
~•~•~•~••~••~•~•~•~•~•~•~•~•~•~•~•~•~•
နိုင်ငံပေါင်း ၁၀၄ နိုင်ငံက ပက်စ်ပို့တွေရဲ့ သြဇာရှိမှုကို အဆင့်သတ်မှတ်ခဲ့ရာမှာ မြန်မာက အဆင့် ၉၅ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ အတူတူဖြစ်ပါတယ်။

အခွန် ၅ဆတိုးမြှင့် ကောက်ခံမှာ မဟုတ်ကြောင်း ထုတ်ပြန်

ပုံမှန်အခွန်ထမ်းဆောင်နေသူများ၊ အခြေခံဝင်ငွေနည်းပါးသူ ပြည်သူများအပေါ် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အခွန် ၅ဆတိုးမြှင့် ကျသင့်စေသည်မှာ မဟုတ်မှန်ကြောင်း အသိပေးရှင်းလင်းခြင်း